အပိုင်း - ၁၇ ( သိုင်းလောကအစည်းအဝေး )

1.7K 299 5
                                    

အပိုင်း - ၁၇ ( သိုင်းလောကအစည်းအဝေး )

နွေဦးနှင့်ဆောင်းဦးမှာ တစ်လှည့်စီလာလိုက် ပြန်သွားလိုက်နှင့် မျက်တောင်တစ်ခတ်စာအတွင်းမှာပင် ရှီးဝူသွမ်းမှာ ကျိုလုတောင်ပေါ်၌ ငါးနှစ်ကြာ ဖြတ်သန်းနေထိုင်ခဲ့ပြီးပြီဖြစ်သည်။ သူ၏အရပ်အမောင်းလည်း အတော်ရှည်ထွက်လာကာ အပြည့်အဝကြီးထွားဖွံ့ဖြိုးခြင်း‌ေတာ့ မရှိသေးသည့် ဆယ်ကျော်သက်လုလင်ပျိုပုံစံက လူကြီးတစ်ယောက်ထက်တော့ ပိန်ပါးသွယ်လျနေဟန် ရစေသေး၏။ သို့သော် သူ၏မျက်နှာမှာ တစ်နေ့တခြား ခံစားချက်ကင်းမဲ့လာခဲ့ကာ ပျော်ရွှင်တက်ကြွမှုစသည် မရှိတော့ပါချေ။ အငယ်တန်းကလေးများအတွက် တကယ်ကိုပင် "ဆရာတူဦးလေးငယ်၊ရှောင်ရှစ်ရှူး"ပုံစံမျိုး ပီသနေခဲ့လေ၏။

ထိုငါးနှစ်တာအတွင်းတွင် ဆွေ့ဖျင်ရှန်းငှက်လည်း အမွေးနှစ်ကြိမ်လဲခဲ့ကာ ယုန်ကလေးသည်လည်း ... ထားလိုက်ပါလေ။ ၎င်း၏ ကျင့်ကြံမှုမှာ နှေးကွေးလွန်းသောကြောင့် လူသားအသွင်ရဖို့ မျှော်လင့်နေပါက မေ့လိုက်ပါ‌ေလ။ ၎င်းမှာ သေသည့်အထိ စားလိုက်‌အိပ်လိုက် ဆော့လိုက်ကစားလိုက် လုပ်မည့်ဟန်သာရ၏။ ရှီးဝူသွမ်းနှင့်‌ေတွ့ပြီး ကျိုလုတောင်ပေါ်သို့ရောက်လာသည်မှာ သူ့အတွက် ကံအတော်ကောင်းသည်ဟုပင် ပြောနိုင်သည်။ တစ်နေ့‌တစ်နေ့ အစာကောင်းကောင်းစားရသောကြောင့် မြန်ဆန်စွာပင် ကြီးထွားလာကာ နဂိုအရွယ်ထက် နှစ်ဆပိုမို‌ဝဖြိုးလာသဖြင့် ခွေးပေါက်လေးနှင့်ပင် တူနေ‌ေပ၏။

ပြန်ရောက်လာသည့် ပထမမြောက်နှစ်တွင်မူ ရှီးဝူသွမ်းမှာ ကျိုလုတောင်ပေါ်က နေအိမ်အကျယ်ချုပ်ကြောင့် အတော်ဒုက္ခတွေ့လိုက်သေးသည်။ မည်မျှပင် ချိုးနှိမ်ဖိနှိပ်ထားပါစေ၊ ပိထန်အပေါ် ရန်လိုနေမှုမှာ အနည်းငယ်တော့ ယိုစိမ့်ထွက်ကျနေစမြဲမို့။ ပိထန် လာလည်ပြီးတိုင်း အခန်းထဲတွင်သာ သော့ပိတ်ပြီး ပုန်းအောင်းခဲ့ကာ ဆွေ့ဖျင်ရှန်းနှင့် ယုန်ငယ်လေးကိုလည်း အပြင်သို့ ပေးမထွက်ခဲ့ပါ။ ထို့နောက် နံရံအား ဓားမြှောင်တစ်လက်ဖြင့် ထိုးစိုက်လိုက်၏။ လုံးဝမခံမရပ်ဖြစ်လာသောအခါ သူ့ကိုယ်သူ ဓားဖြင့်လည်း ထိုးစိုက်ပါသေးသည်။ ထိုသို့‌ေဖြဖျောက်ခြင်းမပြုပါက ယခုချက်ချင်းပင် မွန်းကျပ်လွန်းပြီး သေသွားနိုင်သည်မို့ ။ သို့နှင့် အချိန်ကြာလာသောအခါ နာကျင်မှုကြား သူ နေသားကျသွားခဲ့သည်။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Tempat cerita menjadi hidup. Temukan sekarang