အပိုင်း - ၇၄ ( သတ္တမမီးအိမ် - ၁ )

1K 199 8
                                    

အပိုင်း - ၇၄ ( သတ္တမမီးအိမ် - ၁ )

ပိုင်လီမှာ မည်သည့်အခါတုန်းကမှ အခြားသူများအား အမှုထားခြင်း မရှိ။ မိစ္ဆာဘုရင်အဖြစ် နေထိုင်ခဲ့တုန်းကလည်း ကိုယ့်သဘောနှင့်ကိုယ် စိတ်ထဲရှိသလို နေခဲ့ကာ ယခုလည်း အရေးကြီးစာချုပ်အတွက် အလေးအနက်အာရုံစိုက်နေသော အသွင်ပြောင်းမိစ္ဆာဘုရင်ကြီးကိုလည်း လုံးဝ လျစ်လျူရှုလိုက်၏။

အသွင်ပြောင်းမိစ္ဆာဘုရင် ကျောက်ရုန်မှာ တစ်‌ခုခုပြောလိုသည့်အလား ပါးစပ်ဟသွားသည်မှာ ခဏခဏ။  နောက်တော့ လက်လျှော့လိုက်ကာ " မိစ္ဆာဘုရင်မှာ တကယ်ကိုပင် ထုံးတမ်း‌ဓလေ့လိုက်နာမှု ကင်းမဲ့လှပါပေတကား၊ မိမိတို့က အလေးအနက်ထားပြီး အလုပ်ကိစ္စဆွေးနွေးနေသည်ကို ထိုသူက ချက်ချင်း ခြေထောက်ထိုးထည့်လာပါပေတကား"ဟုသာ ‌ေတွးဖြစ်သည်။

ထို့ကြောင့် ကျောက်ရုန်မှာ ပြောလက်စ,စကားကိုပင် မေ့ကာ ပါးစပ်အဟောင်းသားဖြစ်သွား၏။ သို့သော် တစ်ဖက်လူမှာ မိစ္ဆာဘုရင်ဖြစ်သည်။ သူ့ကိုလည်း အများက အသွင်ပြောင်းမိစ္ဆာဘုရင်ဟု လေးလေးစားစားခေါ်ကြသည့်တိုင် ကျားမိစ္ဆာတစ်ကောင်ထက် မပိုသည်မို့ ထိုသူကို သူ ဘာမှ လုပ်မရပါချေ။

ထို့အပြင် -

အရှင်(၆)သည်ပင် တွေးလက်စ, အတွေးများ ပြတ်တောက်သွားကြောင်း မျက်နှာပေးမှတစ်ဆင့် မှန်း၍ရနိုင်၏။ ရှီးဝူသွမ်းမှာ ပိုင်လီ၏ ဖက်တွယ်လာမှုကြောင့် တောင့်ခဲမှင်သက်သွားကာ တစ်စက်မျှ မလှုပ်ရှားရဲ။ ထို့နောက်မှာမှ လည်တိုင်ကို နောက်ဘက်သို့ ခက်ခက်ခဲခဲလှည့်လိုက်ကာ ပိုင်လီ၏လက်အား ခပ်ဖွဖွပွတ်သပ်ရင်း  ချော့ချော့မော့မော့ မေးလာ၏။

"ဘာဖြစ်လို့လဲ"

ပိုင်လီကမူ ဘာမှ ပြန်မပြောခဲ့ပါ။ သူ၏နှလုံးသည်းပွတ်မှာ နာကျင်စွာနှင့် တွန့်လိမ်နေ၏။ သို့သော် ထိုဝေဒနာကို မည်သို့ဖော်ကြူးပြောပြရမည်မှန်း မသိသဖြင့် မျက်နှာကို ရှီးဝူသွမ်း၏ကျောပြင်ထက် ဖွက်ထားကာ လက်များကလည်း အနည်းငယ် တုန်ယင်နေခဲ့ပေသည်။

ရှီးဝူသွမ်းသည်ပင် ခေတ္တမျှ ဆွံ့အမှင်သက်သွားကာ ကြံရာမရဖြစ်စွာ တိတ်ဆိတ်သွား၏။ သူ၏နောက်ကျောပြင်မှာ တစ်ဖက်လူ၏ရင်ခွင်နှင့် တစ်သားတည်းကပ်နေသောကြောင့် ပိုင်လီ၏ တုန်ယင်လှိုက်မောမှုကိုရော နူးညံ့နွေးထွေးမှုကိုပါ ခံစားသိရှိနိုင်‌ေနသည်။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Onde histórias criam vida. Descubra agora