အပိုင်း - ၅၃ ( မိစ္ဆာမီးလျှံနယ်မြေ )
T/n : Double update for today. Make sure to read the previous chapter.
ရှီးဝူသွမ်း၏အင်အား ယုတ်လျော့သွားကြောင်း ပိုင်လီ ခံစားလိုက်ရသည်။ ထို့ကြောင့် ထိုသူကို ပိုမိုမြဲမြံစွာ စိုးထိတ်စွာ ဖက်ေပးထားရလို့။ နှစ်ယောက်သားမှာ ရေလှိုင်းများကြား ပေါ်လိုက်မြှုပ်လိုက်နှင့် ဘယ်ဆီသောင်ကမ်းထိ ခေါ်ဆောင်သွားခံရမည်လဲဟုလည်း မသိပါ။ ပိုင်လီကိုယ်တိုင်ကလည်း ရေမွန်းနေသဖြင့် သတိရတစ်ချက်လွတ်တစ်ချက် ဖြစ်နေသည်။ သူ၏ နောက်ဆုံးလက်ကျန်ခွန်အားကို ရှီးဝူသွမ်းအား တင်းတင်းဖက်ထားရန်သာ အသုံးပြုနေခဲ့ပေ၏။
မြစ်ဝနားရောက်ခါနီးမို့ ရေပြင်မှာ ကျယ်ဝန်းသထက်ကျယ်ဝန်းလာသည်။ ရေလှိုင်းကြီးများက စောနကလောက် မပြင်းထန်ေတာ့ပါ ။ သို့သည့်တိုင် လေပြင်းမှ မိုးတိမ်အား သယ်ခေါ်သွားသည့်နှယ် မြစ်ကမ်းဘေးရှိ လယ်ယာအိုးအိမ်များအား ပြောင်သလင်းခါအောင် လှည်းကျင်းသွားနိုင်သေး၏။ တောင်ကြားချိုင့်ဝှမ်းထဲကလောက် အရှိန်မကြမ်းတော့ရုံသာ။
ငါတို့ ဘယ်နားထိ ရောက်သွားမယ်ဆိုတာ ဘယ်သူသိနိုင်မလဲပဲ....
ပိုင်လီ ထိုသို့တွေးလိုက်၏။
ရှီးဝူသွမ်းကမူ အရုပ်ကြိုးပြတ် ပျော့ဖတ်စွာသာ သူ့ပုခုံးထက် မှီနေ၏။ ထွက်သက်ဝင်သက်များကလည်း သေချာမကြားရတော့လောက်အောင် တိုးဖျော့နေလို့။ ပိုင်လီက သူ့အား အပေါ်သို့ရောက်အောင် ဂရုတစိုက် အသာမလိုက်သည်။ တစ်ဖက်တွင်မူ သစ်တုံးမျောကြီးအား ဆုပ်ကိုင်ထား၏။
ပိုင်လီက ရှီးဝူသွမ်းအား ငုံ့ကြည့်လာသည်။ ထိုသူ ဘာတွေးနေမှန်း သူ မသိတော့ပါချေ။
ပိုင်လီက ထိုသစ်တုံးမျောကြီးအား အားဖြင့် ဖိချလိုက်သည်။ သို့သော် လုပ်ပုံကိုင်ပုံ မမှန်သောကြောင့်လားမသိ ၊ ထိုသစ်တုံးမျောကြီးမှာ ပျက်စီးသွား၏။
ပိုင်လီ မျက်မှောင်ကြုတ်သွားသည်။ သူ့လက်ကိုသူ ကြည့်လိုက်သောအခါ အနက်ရောင်မြူခိုးများက မည်းနက်သထက် မည်းနက်လာကြောင်း တွေ့လိုက်ရ၏။ သူ့ကို ရှီးဝူသွမ်း ပေးထားသည့် တုရှင်းကြိုးမျှင်များကလည်း မှေးမှိန်ပျောက်ကွယ်သွားပြီဖြစ်သည်။ ပိုင်လီမှာ ခွန်အားများစွာကို သုံးထားသဖြင့် ယခုကျမှ တစ်ခုခုလွဲမှားနေကြောင်း သိလိုက်ရ၏။
ESTÁS LEYENDO
ကြိုးငါးဆယ်တပ် ဗျပ်စောင်း
Fantasía"I was so good to you. I dug my heart out for you. So why don't you even look at me?" A dog-blood cultivation story about a human and a yao. Alright, fine . It's yao gong x human shou, hypocritical shou vs paranoid gong. Author : Priest Year : 2011...