အခန်း - ၆၂ ( ပထမမီးအိမ် )ပုံမှန်အားဖြင့် ရှီးဝူသွမ်းနှင့် သူ့အပေါင်းအပါများ ဆန်ဈေးနှုန်းကို တိတ်တဆိတ်မြှင့်တင်ဖို့ဆိုသည်မှာ မဖြစ်န်ိုင်သောကိစ္စ ဖြစ်သည်။
အကြောင်းရင်းကမူ ထိုဆန်များကို ခိုးပဲခိုးလာလာ ၊ တခြားကပဲဝယ်လာလာ ထိုဆန်အချို့အဝက်မှာ အနောက်မြောက်ဒေသမှချည်း လာခဲ့ခြင်းမဟုတ်ဘဲ အစိုးရအပိုင်အချို့အဝက် ဖြစ်နေသောကြောင့်ဖြစ်၏။ ထိုရာထူးကို စတင်လက်ခံလိုက်သည်နှင့် စစ်သူကြီးကျန်း ပထမဆုံးလုပ်လိုက်ေသာအရာကလည်း ဆန်စပါးဈေးကွက်ကို စည်းကမ်းတင်းကျပ်စွာ ချုပ်ကိုင်ထားကာ ခွင့်ပြုချက်မရှိ ဈေးတင်ရဲသူမှန်သမျှ မည်သူ့ကိုမဆို ခေါင်းဖြတ်သတ်ခဲ့သည်။
စစ်သူကြီးကျန်းမှာ ဓားပြစစ်သူကြီးဟု နာမည်တွင်နေသည့်တိုင် ပြည်သူများအတွက် ဟွမ်ဟူတောင်ေကြာကို ဝီရိယရှိစွာ ကာကွယ်ပေးနေသည်။ သို့သော် လူတိုင်းလူတိုင်းက ပြည်သူ့အကျိုးအား မမျှော်ကိုးပါလေ။
ဖူချင့်ခေတ်တွင် အစိုးရမှပေးသောဆန်စပါး ပြည်သူလက်ထဲမရောက်ခင်စပ်ကြားအမှုထမ်းအလွှာမျိုးစုံအား အရင်ဖြတ်သန်းလာရ၏။ ဥပမာအားဖြင့် သယ်ယူပို့ဆောင်ရေးအတွက် တာဝန်ကျသော အရာရှိများ ၊ စာရင်းစစ်ရသော အရာရှိများ၊ ဒေသခံအာဏာပိုင်များအဖြစ် လက်ရှိတာဝန်ထမ်းဆောင်များသူများစသဖြင့် ရာထူးအဆင့်ဆင့်ရှိကာ ၊ ဈေးနှုန်းသတ်မှတ်ဖို့ဆိုသည်မှာလည်း အစိုးရ၏အမိန့်အတိုင်းသာ ဖြစ်ရမည်မို့ မည်သူကမှ စစ်သူကြီးကျန်း၏အမိန့်အား မဖီဆန်ရဲကြ။ သို့သော် အထက်အရာရှိဘက်က အမိန့်ပေးလိုက်တိုင်း အောက်ခြေကလူများ တထစ်ချလိုက်နာမည်ဟုတော့ မသတ်မှတ်နိုင်ပါချေ။
အနောက်မြောက်ဒေသမှာ ငွေအိုးကြီးမဟုတ်သည့်တိုင် ဆီညှစ်၍ရသော ကြိတ်ပဲအဖတ်ဖြစ်နေဆဲ။ ထို့ကြောင့် ကျန်းကျီရှန့်အား ဆန့်ကျင်ဖို့ အစိုးရဥပဒေကိုသာ ပြန်သုံးလိုက်ရန် လိုသည်။ စပါးထဲသို့ အခြားအရာများ ထည့်လိုက်ရန်သာ လိုသည်။ အပြင်ပန်းတွင် မသိသာသော်ငြား ခပ်ယူကြည့်လိုက်ပါလျှင် စပါးထဲတွင် သဲနှင့်ကျောက်ခဲအေသးများပါကြောင်း တွေ့ရဖြစ်မည်၏။ မည်သို့ရောနှောရမည်ဆိုသည့် ဖြတ်လမ်းပါ ရှိကြကာ ကုန်သည်များ၏ဈေးနှုန်းအလိုက် အရောအနှောအချိုးအဆလည်း ကွာ၏။
KAMU SEDANG MEMBACA
ကြိုးငါးဆယ်တပ် ဗျပ်စောင်း
Fantasi"I was so good to you. I dug my heart out for you. So why don't you even look at me?" A dog-blood cultivation story about a human and a yao. Alright, fine . It's yao gong x human shou, hypocritical shou vs paranoid gong. Author : Priest Year : 2011...