အပိုင်း - ၈ (ထွက်ပြေးခြင်း)

2.1K 325 34
                                    

အပိုင်း - ၉ (ထွက်ပြေးခြင်း)

တာ့ချန်‌ေခတ်၏ ဆယ့်သုံးနှစ်မြောက်မှာ လွယ်ကူချောမွေ့သောနှစ်တစ်နှစ် မဟုတ်ခဲ့ပါ။ သမိုင်းမှတ်တမ်းအား သွေးစွန်းစေခဲ့သော အချိန်ကာလပင် ဖြစ်ချေ၏။

ယမန်နှစ် ဆောင်းဥတုမှစပြီး တိုင်းပြည်၏ စိုက်ပျိုးရေးအချက်အခြာဖြစ်သော ရှန်းဟွေ့နှင့်ကျန်းနန်မှာ သဘာဝဘေးအန္တရာယ်များကြား ဒုက္ခခါးစည်းခံခဲ့ရသည်။ ‌‌ေဆောင်းရာသီတစ်လျှောက်လုံး မိုးရေတစ်ပေါက် နှင်းစက်တစ်ဖျောက်မှပင် မကျခဲ့သဖြင့် မြစ်ရေပြင်နိမ့်ဆင်းသွားပြီး အချို့နေရာတွင် ရေစီးဆင်းမှုပင် မရရှိတော့ပါချေ။ ကျန်းနန်မှာ မျက်စိတစ်ဆုံးထိ ခြောက်ကပ်‌ေသာလွင်တီးခေါင်‌ပြင်သာ ဖြစ်သွားကာ နီကျင်ကျင်မြေစိုင်ခဲကြား နက်ရှိုင်းသောအက်ကွဲရာတို့သာ ရှိနေ၏။ အချို့‌ေနရာတွင် အငတ်ဘေးကြောင့် သေဆုံးနေသည့် ရုပ်ကြွင်းအလောင်းများကိုတွေ့ရကာ အိမ်ဆယ်အိမ်အနက် ကိုးအိမ်မှာ လူသူကင်းမဲ့နေပြီဖြစ်သည်။ နန်းတော်ဆီသို့ အစီရင်ခံစာ ရေးသားပေးပို့လိုက်ပြီးသည့်နောက် မြို့စားမင်းဖြစ်သူသည်လည်း အကြောင်းအရင်းမည်မည်ရရ မထိန်ချန်ထားပါဘဲ မိမိကိုယ်ကိုကြိုးဆွဲချကာ အဆုံးစီရင်သွား‌ေလ၏။

ဆန့်ကျင်ဘက်ဖြစ်စွာပင် ၊ ရှန်းဟွေ့တွင်မူ ကြီးစွာသော ရလွှမ်းမှုဖြစ်နေကာ မြို့ပေါင်းဆယ်မြို့ကျော်မှာ ရေအလျဉ်ဖြင့် တိုက်စားဝါးမျိုခံလိုက်ရပြီဖြစ်၏။ သဘာဝဘေးအန္တရာယ်‌ေကြာင့် ဒဏ်သင့်နေသည့် ဒုက္ခသည်များမှာ ခြေဦးတည့်ရာအား မရပ်မနား ထွက်ပြေးကြကာ ရှစ်ယောက်အနက်ခုနစ်ယောက်မှာ လမ်းခုလတ်တွင်ပင် သေဆံုးကြသည်။  ဆင်းရဲလှသောအိမ်များမှ သမီးပျိုများမှာ ဆန်တစ်ခွက်အတွက် ရောင်းချခံရကာ ကြံ့ခိုင်သော သားပျိုလေးများမှာ ဆန်သုံးခွက်ဖိုးဖြင့် ရောင်းချခံရ၏။ သို့သည့်တိုင် မိမိတို့၏ရင်သွေးများအား ရောင်းချဖို့ရန် လူအများမှာ လာရောက်တန်းစီနေကြပေ၏။ ကံဆိုးမိုးမှောင်ကျချိန် ခြေဦးတည့်ရာထွက်ပြေးရသော လူသားများမှာ ငြိမ်းချမ်း‌ေသာခေတ်၌ ရှင်သန်ရသည့် ခွေးတစ်ကောင်ထက်ပင် အဖြစ်သနစ် ဆိုးလှပါပေ၏။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Onde histórias criam vida. Descubra agora