အပိုင်း - ၃၈ ( ဘေးဥပါဒ် )
ဤနှစ်အပိုင်းအခြားထဲ ရှီးဝူသွမ်းမှာ သဘာဝဘေးအန္တရာယ်ကြောင့် ပြေးမနေရလျှင် တော်လှန်ပုန်ကန်ဖို့သာ အစီအစဉ်ချနေခဲ့၏။ သူ၏ဦးခေါင်းကို ခါးစည်းကြိုးထက်တွင် ချိတ်ထားသည့်အလား စွန့်စွန့်စားစား နေထိုင်လာခဲ့၏။
အမွှေးနံ့သာထုံလွှမ်းသော အပျော်မယ်အိမ်သို့ ပထမဆုံးအကြိမ် ခြေချလိုက်သည်နှင့် ေမွှးရနံ့များကြောင့် မွှန်ထူကာ အသက်ရှူရခက်ခဲ့ပြီး ဆက်တိုက် နှာချေနေခဲ့လို့။ အသက်အရွယ်ရလာပြီမို့ လူကြီးကိစ္စများကို နားလည်သိကျွမ်းပြီးသားဖြစ်သည်ဟု သူ့ကိုယ်သူ ထင်ထားသည့်တိုင် အမှန်တကယ်တွင်မူ ဘာဆိုဘာမှ မသိပါဘဲ ထိုအနမ်းကြောင့် ချက်ချင်းပင် တောင့်ခဲမှင်သက်သွားပေ၏။
မည်မျှထိ ကြာမြင့်သွားမှန်း မသိပါချေ၊ နောက်ဆုံးတော့ သူ၏ဦးနှောက်ထဲ အသိတစ်ခု ဝင်လာပေသည်။
ရှောင်လီကျီက... ငါ့နှုတ်ခမ်းကို နမ်းနေတာ...လား?
ဒါ..ဒါဆို... ငါ ဘာလုပ်ရမှာလဲ။
ရှီးဝူသွမ်းက သူ့ကိုယ်သူ ပြန်မေးလာ၏။ ထို့နောက်ရုတ်တရက်ကြီး သံချေးတက်သွားသော သူ့ဦးနှောက်မှာ ရာစုနှစ်တစ်ခုစာကြာမှ အက်ကွဲစပြုလာသည့်အလား တကျွိကျီမြည်လာခဲ့ကာ နောက်ဆုံးတော့ အဖြေတစ်ခု သိလိုက်ရပေ၏။
မသိေတာ့ဘူး!!!!!!
"မင်း... နားလည်ပြီလား"
ပိုင်လီ၏မျက်ဝန်းများ မှေးစင်းရီေဝေနလျက်။ စူးရှေသာ ထိုအကြည့်များမှာ ရှီးဝူသွမ်း၏ နီရဲနေသော နှုတ်ခမ်းများထက်မှ ခွာမလာခဲ့ပါေချ။
ရှီးဝူသွမ်း၏ ခေါင်းထဲတွင်မူ ဗလာကျင်းနေဆဲ။
သူ့ဘဝထဲ ဤမျှထိ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်ခြင်းမျိုး တစ်ခါမှ မကြုံဖူးပါ။ ထို့ကြောင့် နှုတ်ခမ်းကို လက်ဖြင့်ပွတ်ပြီး သုတ်လိုက်ကာ ချက်ချင်းပင် သစ်ကိုင်းထက်မှ ဆင်းသွားလိုက်၏။
"ဒါ...ဒါက..."
ဘာကြီးလဲ။
သူ့ထံမှ ပြန်ပြောစရာစကား ပျောက်ရှကုန်သည်ဟု ရှီးဝူသွမ်း ခံစားလိုက်ရ၏။ ထူးဆန်းသောယောက်ျားတစ်ယောက်နှင့် ပိုင်လီ စကားပြောနေကြသည်ကို မတော်တဆကြားမိသည့် ညကတည်းက ၊ မိစ္ဆာခန်းမကို ယန်ကျန်း ဖွင့်လှစ်လိုက်ခြင်းဖြစ်မည်ဟု မှန်းဆခဲ့ပြီးကတည်းက ပိုင်လီကို သူ့ဘေးနားတွင်သာ ထားရန် သူ သန္နိဋ္ဌာန်ချထား၏။
أنت تقرأ
ကြိုးငါးဆယ်တပ် ဗျပ်စောင်း
خيال (فانتازيا)"I was so good to you. I dug my heart out for you. So why don't you even look at me?" A dog-blood cultivation story about a human and a yao. Alright, fine . It's yao gong x human shou, hypocritical shou vs paranoid gong. Author : Priest Year : 2011...