အပိုင်း - ၄၃ ( ဆူညံပွက်လောရိုက်မှုများ )
ဖင်းယန်မြို့၏ အနောက်မြောက်ဘက်စွန်း၌ တည်ရှိသော ကျီယွင်ကျောင်းဆောင်တစ်ဝိုက်အား ပြည်သူအများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထား၏။ မြို့ထဲတွင်လည်း ဘုရင့်ရဲမက်များက ထူထပ်လုံခြုံစွာ ကင်းလှည့်နေလိူ့။ လမ်းဘေးတွင်လည်း စစ်ဘက်နှင့်အရပ်ဘက်မှူးမတ်များ ငြိမ်သက်စွာ တန်းစီနေကြကာ ထိုလူတန်းကြီး၏ ထိပ်ဆုံးတွင်မူ ကျိုးယန်လိုင်နှင့် ခေါင်းဆောင်းအရှည်ကြီးဆောင်းထားသည့် ယောက်ျားတစ်ယောက် ရှိနေ၏။
ပုံမှန်အားဖြင့် ကျောင်းဆောင်ရှေ့က ကွမ်ကျင်းလမ်းမကြီးမှာ လူသူများ၊ လှည်းများ၊ မြင်းများဖြင့် ကြက်ပျံမကျ စည်ကားသိုက်မြိုက်နေတတ်၏။ ယခုတွင်တော့ လက်နက်ကိုင်တပ်သားများသာ ရှိနေလို့။
ကွမ်ကျင်းလမ်းမထက်တွင် မြင့်မားသော အဆောက်အဦးတစ်ခု ရှိေနသေးကာ လုံဝမ်မျှော်စင်ဟု ခေါ်တွင်၏။ ထိုမျှော်စင်မှာ ဖင်းယန်မြို့၏ အမြင့်ဆုံးအဆောက်အဦးဖြစ်သည်မို့ ပုံမှန်အားဖြင့် လူများပြည့်သိပ်နေတတ်ကာ အနည်းငယ်နောက်ကျသွားပါလျှင် ရှေ့တံခါးပေါက်မှပင် တိုးမဝင်နိုင်ပါချေ။ အပေါ်ဆုံးအထပ်မှကြည့်လျှင် နန်းတော်နှင့် မြို့တွင်းပိုင်းအပြင် မြို့တော်တစ်ခုလုံးကို မြင်ရ၏။ သို့သော် ယခုတွင်မူ အစောင့်အကြပ် ထူထပ်နေလှကာ အပေါ်ဆုံးထပ်ရှိ အခန်း၏ ခန်းဆီးများကိုလည်း ချထားကြလို့။ ရံဖန်ရံခါ ထိုခန်းဆီးနောက်တွင် လူရိပ်များ လှုပ်ရှားနေကြောင်း၊ ထို အခန်းထဲသို့ ဆေးေသတ္တာပိုက်ကာ ဝင်ထွက်သွားလာနေသည့် သမားတော်များရှိကြောင်း တွေ့နိုင်ပေ၏။
လုံဝမ်မျှော်စင်၏ အပေါ်ဆုံးအထပ်တွင် ရှည်လျားသော ညောင်စောင်းတစ်ခုရှိသည်။ လုလင်ပျိုတစ်ယောက်မှာ ထိုဘေးနားတွင် တိတ်ဆိတ်စွာရပ်ကာ ခေါင်းငုံ့ထား၏။ ရှည်မျောမျောညောင်စောင်းထက်တွင် လူအိုကြီးတစ်ယောက် လှဲနေကာ ဆံပင်ရောမုတ်ဆိတ်ပါ ဖွေးဖွေးဖြူနေလို့။ မျက်လုံးကလည်း ချိုင့်ဝင်ကာ မျက်နှာကလည်း ပိန်လှီနေလှ၏။ ထိုသူမှာ လေပြည်ညင်းကြောင့် ညင်သာစွာလွှင့်နေသည့် ခန်းဆီးစကို ကျော်ပြီး ကျီယွင်ကျောင်းဆောင်ဘက်အား လှမ်းကြည့်နေလို့။ ဇရာအမှတ်အသား အညိုစက်များရှိနေသည့် လက်တစ်ဖက်မှာ စောင်အောက်မှ ထွက်နေကာ ထိုလူအိုကြီးမှာ ရွှေရောင်ဝတ်ရုံစ ဆင်မြန်းထား၏။
VOCÊ ESTÁ LENDO
ကြိုးငါးဆယ်တပ် ဗျပ်စောင်း
Fantasia"I was so good to you. I dug my heart out for you. So why don't you even look at me?" A dog-blood cultivation story about a human and a yao. Alright, fine . It's yao gong x human shou, hypocritical shou vs paranoid gong. Author : Priest Year : 2011...