အပိုင်း - ၇၅ ( သတ္တမမီးအိမ် - ၂ )

952 194 9
                                    


အပိုင်း - ၇၅ ( သတ္တမမီးအိမ် - ၂ )

အ‌သင်္ချေဝိညာဉ်ပွဲတော်မှာ အင်မတန်မှ စည်ကားသိုက်မြိုက်ခဲ့၏။

ဆယ့်နှစ်လပိုင်း ပထမရက်‌တွင် နှင်းဖွဲဖွဲ ကျနေသည်။ အစပထမတွင် အိုဟောင်းသော ဟွိုင်ကျိုးမြို့၏ လမ်းမများပေါ် ဆားပွင့်ဖြူးချနေသလိုသာ ကျဆင်းလာသော်ငြား နှင်းထုကြီးမှာ ထူထဲသထက် ထူထဲလာကာ ငန်းမွေးစောင်များပမာ ဖြစ်လာသည်။ လူ့ပုခုံးထက် ကျရောက်စုပုံနေသော နှင်းပွင့်များသည်ပင် အလေးချိန်စီးနေဟန်ပင်ရ၏။

ရှေးခေတ်မှ ယခုထက်ထိ စိုက်ပျိုးရေးဆိုသည်မှာ အလယ်ပိုင်းလွင်ပြင်ဒေသသားများအတွက် အရေးပါသည်။ မြေအား တူးဆွပြီး အစားအသောက်များ ရိတ်သိမ်းဖို့မှာ ဘိုးဘေးအစဥ်အဆက် လက်ဆင့်ကမ်းလာသော ဓလေ့ဖြစ်သည်။ ထို့ကြောင့် ဆောင်းဝင်လာသည်နှင့် အလုပ်မလုပ်ရသောအခါ မသိလိုက်မသိဘာသာ သွေးများအေးခဲသွားကာ ပျင်းရိပျင်းတွဲ ဖြစ်နေကြပြီး နွေဦးမြန်မြန်ရောက်ဖို့ရန် မီးပုံနားထိုင်ကာ အရက်ကို နွှေးပြီး သောက်နေဖြစ်ကြ၏။

ညသန်းခေါင်ကျော်သွားသောအခါ အသွင်ပြောင်းမိစ္ဆာအားလုံးမှာ ရေချိန်ပြည့်သွားကြသည်မို့ စွပ်ထားသော အရေခွံလှလှများ ကွာကျသွားကာ တစ်ကောင်ပြီးတစ်ကောင် ရုပ်သွင်အစစ်များ ဖော်ပြလာကြသည်။ ထို့နောက် မီးအိမ်များလင်းထိန်နေသော လမ်းတစ်လျှောက် ပျော်ရွှင်မြူးတူးနေကြ၏။ အရက်မူးနေသော အသွင်‌ေပြာင်းမိစ္ဆာငယ်တစ်ကောင်ဆိုလျှင် မြို့ရိုးကျုံးထဲ ခုန်ဆင်းသွားကာ ဧရာမရွှေငါးကြင်းကြီးအဖြစ် ရုပ်သွင်ပြောင်းလဲသွား၏။ အကြေးခွံထက်တွင် မီးအလင်းရောင်များ ထင်ဟပ်ကာ သောက်စားပျော်ပါးကြသောနေရာအား နေ့ခင်းပိုင်းပမာ လင်းထိန်နေ‌ေစသဖြင့် မြို့သူမြို့သားများမှာ ထိတ်လန့်သွားရလို့။ တောင်သူလယ်သမားများမှာ ချက်ချင်းပင် အပေါ်ရုံကောက်စွပ်ကြကာ ထူးဆန်းလှသော ဖြစ်ရပ်အား သွားကြည့်ဖို့ လမ်းပေါ်ရောက်လာကြ၏။ အသွင်ပြောင်းမိစ္ဆာများကလည်း များပြားလာသော လူထုပရိသတ်‌ေကြာင့် ပို၍စိတ်လှုပ်ရှားစွာ  မှော်ပညာများအား အစွမ်းကုန် ပြသလာကြ၏။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Where stories live. Discover now