အပိုင်း - ၄၉ ( အတွေးစများ )

1K 199 16
                                    


အပိုင်း - ၄၉ ( အတွေးစများ )

ရှီးဝူသွမ်းတစ်ယောက် မျက်လုံးနှစ်လုံး ဖွင့်လိုက်‌ေသာအခါ လန်လော့ကို မြင်လိုက်ရသည်။ ထိုမိန်းမပျိုလေးမှာလည်း လန့်ဖျတ်သွား၏။ ဤသည်မှာ ထိုယောက်ျားပျို၏မျက်ဝန်းများအား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ အင်မတန်မှ မည်းနက်ရွှန်းလဲ့သည်ဟု လန်လော့ ခံစားလိုက်ရသည်။ ဒဏ်ရာများကြောင့်ထင်၊ အစပိုင်းတွင်တော့ ထိုမျက်ဝန်းများ မှေးမှိန်‌ေနခဲ့ရာ ဒုတိယတစ်ကြိမ် ကြည့်လာ‌ေသာအခါတွင်မူ ထိုမှေးမှိန်မှုများ မရှိတော့ပါ။ ထိုသူ၏ မျက်ဝန်းထဲရှိ အလင်းရောင်များမှာ အခြားသူများထက်တော့ ပို၍မည်း‌ေမှာင်နက်ရှိုင်းနေ၏။

အရှင် (၆)က တော်တော်ချောတာပဲ။

လန်‌ေလာ့မှာ ထိုသို့တွေးရင်း ရှက်သွေးဖြာလာလို့။

သို့သော် အခြားသောမိန်းမပျိုများလို အော်ဟစ်လိုက်ခြင်း ရှက်ရမ်းရမ်းခြင်းမရှိပါ။ ထိုအစား ရေတစ်ခွက်အမြန်ငှဲ့ပေးပြီး ရှီးဝူသွမ်းကို ဂရုတစိုက် မ,ထူ‌ေပးလိုက်သည်။

"ရေဆာနေလောက်မယ်ထင်တယ်၊ အရှင်(၆)။ ရေ အရင်သောက်လိုက်ပါရှင်၊ ‌သမားတော်နဲ့ စစ်နျဲန်ကို ကျွန်မ အခုပဲ သွားခေါ်လိုက်ပါ့မယ်"

ထိုစကားကို ရှီးဝူသွမ်း ကြားလိုက်သလား သူမ ‌မသေချာပါ။ ထိုယောက်ျားပျိုက သူမကိူ ခေတ္တမျှငေးကြည့်လာပြီးနောက် အကြည့်လွှဲလိုက်ပြီး ကျန်သောရေတစ်ဝက်ကို ဆက်သောက်‌ေန၏။

ရေသ‌ောက်ပြီးသောအခါ လန်‌ေလာ့က သူ့အား ပြန်လှဲအိပ်လိုက်စေလိုက်ရာ၊ တစ်ချိန်လုံး စောင်အောက်ထဲဝပ်ကာ ရှီးဝူသွမ်း၏ရင်ခွင်ထဲ တိုးဝှေ့အိပ်‌ေပျာ်နေတတ်သော ယုန်ဖြူကြီးက ရှီးဝူသွမ်း၏လည်တိုင်နား ပွတ်သီးပွတ်သပ် လာလုပ်၏။

ရှီးဝူသွမ်းက ၎င်းအား ငုံ့ကြည့်လာသည်။ ‌သိပ်ပြီး မလှုပ်ရှားနိုင်သေးသော်ငြား ထိုသူ၏ နှုတ်ခမ်းထောင့်ထက်၌ အပြုံးစလေးတစ်ခု တွဲခိုလာကာ နူးညံ့သိမ်မွေ့မှုများ ထွက်လာ၏။ ပိန်ချိုင့်နေသော ပါးပြင်ထက် ပါးချိုင့်ခပ်ရေးရေးပါ ပေါ်နေလျက်။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Donde viven las historias. Descúbrelo ahora