အပိုင်း - ၆၈ ( စတုတ္ထမီးအိမ် - ၂ )

1K 226 7
                                    


အပိုင်း - ၆၈ ( စတုတ္ထမီးအိမ် - ၂ )

T/n : Triple update.

အကြင်သူနှစ်ယောက်မှာ လွန်ခဲ့သောအနှစ်နှစ်ဆယ်တုန်းက အချိန်အား တစ်ကျော့ပြန်ရောက်သွားသလိုပါပင်။ ဂူတစ်ခုထဲတွင် ကလေးငယ်တစ်ယောက်က မြက်ပင်ဖြင့် နှံကောင်ရုပ်လေးတစ်ခုလုပ်ကာ အခြားကလေးတစ်ယောက်အား စနောက်ကျီစယ်နေခဲ့သော‌ အချိန်အခါများဆီ တစ်ကျော့ပြန်ရောက်သွားသလိုပါပင်။

"ဟေး၊ ဟေး၊ ရှောင်လီကျီ။ လုပ်ပါ၊ ငါ့ကို ပြုံးပြပေးပါဦးလား" ဟူ၍ ပြောနေသေး၏။

ထိုစဉ်တုန်းက မိမိတို့မှာ လွန်စွာမှ ရိုးသားဖြူစင်နေခဲ့ကာ သောကဗျာပါဒများ ကင်းဝေးနေခဲ့သည်။ ဘာကိုမှ မသိနားမလည်ခဲ့သော ဖြူလွှလွှ ဗလာစက္ကူပမာသာ ဖြစ်ခဲ့ကာ နှလုံးသားထဲ ပူဆွေးဝမ်းနည်းမှု ပေါ်ထွက်လာသည့်တိုင် သူငယ်ချင်းက အတူဆော့ဖို့ လာခေါ်ရုံနှင့် ထိုပူဆွေးဝမ်းနည်းမှုအား မေ့သွားကြသည့်အရွယ်သာ ရှိနေခဲ့ကြ၏။

ရှီးဝူသွမ်းမှာ ကြားထဲကဖြစ်ရပ်များအားလုံး တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပါဟု ထူးဆန်းစွာ ခံစားနေရသည်။ မည်သူ၏ သွေးစက်ကမှ မြေသို့ မခခဲ့ဖူးပါ။ ရင်ဘတ်ပေါ်တွင်လည်း သွေးနီရောင်အမာရွတ်များ မထင်ကျန်ကြပါ။ မိမိတို့မှာ မနေ့တစ်နေ့ကမှ တွေ့ဆုံခဲ့ကြကာ တစ်ယောက်၏နာမည်ကို တစ်ယောက်‌ေခါ်ပြီး တောင်တန်းအနှံ့ လက်ချင်းတွဲကာ အတူလျှောက်လည်ကြခဲ့သည်။

အဘယ်ကြောင့်များ သက်ရှိများက....ကြီးပြင်းဖို့ရန် လိုအပ်ပါသနည်း။

နုပျိုငယ်ရွယ်သောအချိန်တွင်သာ ထာဝရ ရပ်တန့်နေနိုင်ပါလျှင် မိမိတို့မှာ ဘာကိုမှလည်း တွေးပူစရာမလို၊ ဘာကိုမှလည်း မုန်းတီးစရာမလို၊ ဘာကိုမှလည်း အတွေးများနေစရာမလို၊ တစ်လောကလုံးအားအန်တုပြီး ကြမ်းတမ်းရုန့်ရင်းစွာ တိုက်ခိုက်နေစရာလည်း မလိုတော့ပါ။ ထို့အပြင် သူတို့ကျောပြင်ထက် ဝန်ထုပ်ဝန်ပိုးများ သယ်ထားစရာလည်းမလိုတော့သလို ၊ လွန်စွာမှ ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေနှင့်လည်း လက်နက်ကိုင်ပြီး တိုက်ခိုက်နေစရာ သို့မဟုတ် လမ်းခွဲနှုတ်ဆက်နေစရာလည်း မလိုတော့ပါချေ။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Où les histoires vivent. Découvrez maintenant