အပိုင်း - ၂၃ ( မိတ်ဆွေဟောင်း )

1.6K 290 29
                                    

အပိုင်း - ၂၃ ( မိတ်ဆွေဟောင်း )

Double update for today. Please make sure to read the previous chapter.(for ongoing readers)

ဆွေးဝမ်မှာ အံတင်းတင်းကြိတ်ပြီး‌ေတာ့သာ ပြောလာ၏။

"ငါ မင်းကို နောက်ထပ်ဆယ်ရှီပေးမယ်၊ စစ်သူကြီးကု"

သို့သော် ရှီးဝူသွမ်းကမူ ဆွေးဝမ် ဘာမှမပြောလိုက်သည့်အလား ကုဟွိုင်ယန်ဘက်လှည့်ကာ ပြောလာ၏။

"အစ်ကိုကြီး၊ အငတ်ဘေးဆိုက်တုန်းက အစ်ကိုကြီးတို့ ဘာအ‌ေကြာင်းကို သီချင်းလုပ်ဆိုခဲ့တာလဲ။ ကျွန်တော်လည်း ဆွေ့ဝမ်အတွက် ဆိုပြချင်လို့လေ။ ဘာတဲ့ ၊ မြေခွေးတွေ အိမ်ကနေ ထွက်သွားလေပြီ၊ အရိုးအရေသာကျန်တဲ့အထိ အငတ်ဘေးဆိုက်ခဲ့ပြီဆိုလား...."

ဆွေးဝမ်မှာ ဒေါသထောင်းခနဲထွက်သွားကာ စားပွဲကိုပါ ဒုန်းခနဲထုလိုက်သည်မို့ ပန်းကန်များပင် တုန်ခါသွားကုန်၏။ ကုဟွိုင်ယန်လည်း ရှီးဝူသွမ်း၏ခေါင်းကို ရိုက်လိုက်ကာ ဆူပူကြိမ်းမောင်းလာ၏။

"ဆွေးဝမ်ရှေ့မှာ ဘာလို့ ဒီလောက်တောင်ရိုင်းပြနေတာလဲ"

ရှီးဝူသွမ်းက အစ်ကိုကြီးဖြစ်သူအား ကြောင်တောင်တောင်လေး ကြည့်လိုက်ပြီးနောက် ဆွေးဝမ်ဘက်ကိုလည်း ကြည့်လိုက်သည်။ ထို့နောက် ခဏရပ်လိုက်ကာ ဆို၏။

"အာ၊ ဆွေးဝမ်က ဂီတဖျော်ဖြေတဲ့လူတွေ ခေါ်မထားလို့ နည်းနည်းပါးပါးလောက် သီချင်းဆိုပြမလားလို့လေ"

ကုဟွိုင်ယန်မှ ဆက်လက်ဆူငေါက်လာသည်။

"တော်တော့၊ ဘာမှထပ်မပြောနဲ့။ မင်းပါးစပ်ကို အစားအသောက်နဲ့ပဲ သွပ်ထားချေ"

ရှီးဝူသွမ်းက ကုဟွိုင်ယန်အား သနားစရာကောင်းသောရုပ်လေးနှင့် မျက်တောင်တဖျတ်ဖျတ်ခတ်ပြကာ ပြောလာသည်။

"ဗိုက်ပြည့်လွန်းနေပြီလို့~"

ကုဟွိုင်ယန်က သူ့အား အကြည့်စူးစူးများဖြင့် ကြည့်လာသည်။

"ဗိုက်ပြည့်နေလည်း ဖြည်းဖြည်းသာသာ ဆက်စားနေချေ။ မင်းကို စကားပြောခွင့်မပြုဘူး၊ မှတ်ထား"

ဆွေးဝမ်ကမူ သည်းခံမှုကုန်သွားခဲ့ကာ ဒုက္ခိတကျန်းက သူ့အား စားပွဲအောက်မှ လှမ်းဆွဲထားရ၏။ ထို့နောက် မုတ်ဆိတ်ကို ပွတ်သပ်လိုက်ကာ ဆိုသည်။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Nơi câu chuyện tồn tại. Hãy khám phá bây giờ