အပိုင်း - ၁၆ ( တောင်ပေါ်တွင် )

1.6K 300 12
                                    


အပိုင်း - ၁၆ ( တောင်ပေါ်တွင် )

ထိုညက ရှီးဝူသွမ်းမှာ အခန်းထဲ ပြန်ဝင်လာပြီးသည်နှင့် ငှက်ရောယုန်ကိုပါ လွှတ်ပေးလိုက်ကာ ကြိုးပြတ်သွားသော ရုပ်သေးရုပ်ပမာ ကုတင်ပေါ်ထိုင်လိုက်၏။ သူ့ဦး‌ေနှာက်အား အသုံးများလွန်းသွားသဖြင့် အားကုန်သွားကာ မည်သို့မည်ပုံတွေး‌ေတာရမည်မှန်းပင် မသိတော့ပါချေ။

ခဏအကြာ ဖြစ်စဉ်တစ်ခုချင်းစီအား ဖြည်းနှေးစွာ ဆက်စပ်တွေးတောလာနိုင်‌ေသာအခါ ရင်ထဲတွင်လည်း တဆစ်ဆစ်နာကျင်လာ၏။ မျက်တောင်တစ်ခတ်စာအတွင်းမှာပင် လောကကြီးက ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည့်နှယ် ခံစားလိုက်ရကာ သူ့ရှေ့‌ရှိလမ်းမှာ မြူခိုးများဖြင့် ဖုံးအုပ်ထားသယောင်ပင်။ အနောက်ဘက်သို့ ပြန်မျှော်ကြည့်ပြန်တော့လည်း ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တိုင်းက အစစ်အမှန် ဟုတ်မနေခဲ့‌ေယာင်ပင်။ ရှီးဝူသွမ်းမှာ ရင်ဘတ်အား တင်းတင်းကျပ်ကျပ် ဖိခားကာ နှုတ်ခမ်းသားမှာ တဆတ်ဆတ်တုန်ယင်နေသည်။ အော်ဟစ်ငိုကြွေးလိုက်ချင်သော်ငြား သူ၏မျက်နှာမှာ ဝမ်းနည်းပူဆွေးမှုဖြင့် ပုံသာပျက်သွားကာ မျက်ရည်‌ေရာငိုသံပါ ထွက်မလာခဲ့ပါချေ။ ထို့နောက် တစ်စံုတစ်ခုအား ရုတ်တရက်သတိရမိသွားကာ တစ်ဖန်ပြန်လည်တုန်ယင်လာ၏။ ထို့နောက် မျက်နှာကို အကြမ်းပတမ်း သုတ်လိုက်ကာ ဖိနပ်ကိုကန်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်ရပ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်နား သတိကြီးစွာထားရင်း မှီကာ ပတ်ဝန်းကျင်အား ဆန်းစစ်ကြည့်လိုက်၏။ ခြံထဲတွင် သူ့အား စောင့်ကြည့်နေသူ မရှိပါဆို‌ေတာ့မှ စိတ်သက်သာရာရသွားသောအခါ ကုတင်ပေါ်ပြန်လာထိုင်လိုက်သည်။

သို့သော် ပြန်ထိုင်လိုက်သောအခါတွင်လည်း မနည်းဖျစ်ညှစ်ရသော မျက်ရည်များ ပြန်ဝင်သွားကာ မျက်လုံးထဲတွင်သာ နာကျင်စွာ ရပ်တန့်နေ၏။ ဤရက်ပိုင်းအတွင်း ကိစ္စဝိစ္စများစွာ ဖြစ်ပျက်ခဲ့ရာ သူ အင်မတန်မှ ပင်ပန်းနွမ်းနယ်နေသည် ။ ထို့ကြောင့် လှဲလိုက်ရုံသာရှိသေး ခေ့င်းအုံးပေါ်ပင် ခေါင်းမကျသေးခင် မှေးခနဲဖြစ်သွား၏။ အိပ်မပျော့်တပျော်ဖြစ်ကာ နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေသောအချိန်မှာပငါ ရှီးဝူသွမ်းက ဖျတ်ခနဲ ပြန်နိုးလာသည်။ တစ်ကိုယ်လုံးလည်း ချွေးစေးများပြန်နေကာ ဘေးနားရှိအိတ်ထက နက္ခတ်ကြယ်စင်ဇယားခွင်ကို ထုတ်ပြီး ရင်ခွင်ထဲ ဖက်ထားလိုက်သည်။ ထို့နောက် ဓားမြှောင်ကိုထုတ်ကာ ခေါင်းအုံးအောက် ထားထား၏။ ထို့နောက်မှာမှ စိတ်သက်သာရာရသွားကာ ဆက်အိပ်လိုက်သည်။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Donde viven las historias. Descúbrelo ahora