အပိုင်း - ၃၇ ( လက်ထပ်ပွဲ )

1.5K 265 14
                                    


အပိုင်း - ၃၇ ( လက်ထပ်ပွဲ )

ရှီးဝူသွမ်းက ကုဟွိုင်ယန်ဘက်မှ ဧည့်သည်များအား ကြိုဆို‌ရင်း အလ္လာပသလ္လာပစကားများ ပြောနေသည်။ ဧည့်သည်များ ယူဆောင်လာသော လက်ဖွဲ့များကိုလည်း စာရင်းပြုစုလိုက်၊  နေရာထိုင်ခင်း ပေးလိုက်နှင့် အရာရာတိုင်းအား အစီအစဉ်တကျ လုပ်ဆောင်နေကာ ရောက်လာသမျှလူတိုင်းနှင့် ရင်းနှီးအောင် အရောဝင်‌ေန၏။ သူ၏ လုပ်ရပ်နှင့် စကားအပြောအဆိုတိုင်းမှာ အပြစ်ကင်းစင်စွာ ယဉ်ကျေးလှကာ မင်္ဂလာပွဲကလည်း ထည်ဝါခမ်းနားမှုများ ရှိနေလို့ ။

အစောင့်ရဲမက်များ၊ မင်္ဂလာပွဲတာဝန်ခံများ၊ တင်တောင်းလက်ဖွဲ့များ၊ လက်ထပ်စာချုပ်များကိုလည်း နေရာတကျ ပြင်ဆင်ထားပြီးဖြစ်ကာ လူတစ်ယောက်မှလည်း မပျက်ကွက်ခဲ့ဘဲ အရာရာတိုင်းမှာ အမှားအယွင်းမရှိခဲ့။

ကုဟွိုင်ယန်နှင့် သူ၏လည်စည်းနီတပ်ဖွဲ့မှာ ဟိုင်နင်‌ေဒသအား တစ်နှစ်ခွဲကာလကြာ သိမ်းပိုက်အုပ်စိုးခဲ့သည်။ ထို့အပြင် ဤဒေသရှိ လက်ဖက်ကုန်သည်များ၊ မြေပိုင်ရှင်များ၊ ကုန်သည်အဖွဲ့အစည်း၊ စစ်တပ်အရာရှိများ၊ လက်အောက်ငယ်သားများ၊ ထို့အပြင် ဟူယန်မှ ဧည့်သည်များမှာ အဖွဲ့အစည်းတစ်ခုအောက်တွင် စုရုံးမိကြကာ ရှုပ်ထွေးသော ဆက်ဆံရေးကွန်ယက်ဖြင့် ချည်နှောင်ခံထားရ၏။ တစ်မိုးအောက်တစ်‌ေယာက်သာရိ‌ေသာ ရှီးဝူသွမ်းဆိုသူက ဖန်တီးရက်လုပ်ထားသည့် ဧရာမကွန်ယက်ထဲ ကျရောက်နေကြ၏။

ထိုကွန်ယက်ကို တည်ဆောက်ရန်အတွက် ရှီးဝူသွမ်းမှာ သူ၏ဉာဏ်စွမ်းဉာဏ်စအားလုံးဖြင့် အစွမ်းကုန် ကြိုးစားခဲ့ရသည်။ ထိုကွန်ယက်မှာ တစ်စိတ်တစ်ပိုင်းပျက်သွားသည်နှင့် အကုန်လုံးကို ထိခိုက်ပျက်စီးစေမည့်ပံုစံမျိုး တည်ဆောက်ခဲ့ခ့င်းဖြစ်ရာ ဟိုင်နင်မှ တာဝန်ရှိသူများမှာ သံမဏိများပမာ လက်တွဲခိုင်ကြကာ အပြင်လူများမှကြည့်လျှင် ရွှံ့ရေပမာ ထွင်းဖောက်မြင်နိုင်ခြင်း မရှိကြသည့်အထိ သိပ်သည်းလေးနက်၏။ အရှေ့တံတိုင်းကို ဖြိုကာ အနောက်တံတိုင်းအား လာဖာထားသဖြင့် အချိန်အတော်ယူလိုက်ရသော်ငြား ပြစ်ချက်ဆိုစရာမရှိအောင် ဖာထေးနိုင်ခဲ့၏။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Onde histórias criam vida. Descubra agora