အပိုင်း - ၄၇ ( သွေးမြေခ )
ရှီးဝူသွမ်းက ပိုင်လီ၏နောက်ရှိ ကျိုးယန်လိုင်နှင့် မီ့ဂိုဏ်းမှ လူများအား တစ်ချက်ကြည့်လာသည်။ ထို့နောက် အံ့ဩသွားသည့်မျက်နှာပေး လုပ်ကာ ကျိုးယန်လိုင်ဆီ အကြည့်များ ရပ်တန့်သွား၏။
"အို၊ ဒါက လူကြီးမင်းကျိုးမဟုတ်လား။ အသင်ကရော ဘာလို့ ဒီထိ ရောက်လာတာလဲ"
ကျိုးယန်လိုင်က စုတ်ပြတ်သတ်နေသော ရွှမ်ဂိုဏ်းသားများကို အဓိပ္ပာယ်ပါပါကြည့်ကာ အပြုံးတစ်ပွင့်နှင့်အတူ ပြောလာ၏။
"ဟုတ်ကဲ့ပါ။ ပြန်ဖြေဖို့ကကျ လူကြီးမင်းရှီးရော ဒီမှာ ဘာလာလုပ်တာလဲဆိုတဲ့ အဖြေပေါ် မူတည်ပါတယ်"
တောင်ကြားချိုင့်ဝှမ်းထဲမှ နာကျင်စွာ ညည်းညူမြည်တမ်းသည့်အသံများ ထွက်ပေါ်လာသည်။ ကျိုးယန်လိုင်မှာ အောက်သို့ အံ့ဩစွာ ငုံ့ကြည့်လိုက်ရာ ပုန်းခိုနေသော တပ်သားများက တောရိပ်ထဲမှ ထွက်လာပြီး ရွှမ်ဂိုဏ်းသားများကို ဝိုင်းထားလိုက်ကြေကြာင်း တွေ့လိုက်၏။ ထိုသူတို့ထံတွင် လက်နက်ပါကြကာ အချို့သူဆိုလျှင် ကျင့်ကြံသူသုံး လက်နက်များပါ ရှိ၏။ ကြည့်ရသည်မှာ ဤတပ်ဖွဲ့က ကျင့်ကြံသူများနှင့် ရင်ဆိုင်တိုက်ခိုက်ရန် အထူးပြင်ဆင်လာကြေူာ တပ်ဖွဲ့ဖြစ်ကာ ချီတက်ရာတွင်လည်းကောင်း၊ ဆုတ်ခွာရာတွင်လည်းကောင်း ကျွမ်းကျင်ပါးနပ်လှ၏။ လှုပ်ရှားမှုတိုင်းမှာ ဖျတ်လတ်လှကာ တပ်မတော်အစစ်တစ်ခုနှယ် လက်တွဲညီလှသည်။
ထိုသူတို့မှာ ဆောင့်ကြွားဆောင့်ကြွားလုပ်တတ်သော ခေါင်းမာလွန်းလှသည့် တစ်ကိုယ်တော်ကျင့်ကြံရေးသမားများနှင့် တစ်စက်မှ မတူေတာ့ပါ။ ကျိုးယန်လိုင်၏ နှလုံးသားစည်းချက်များ ကမောက်ကမ ဖြစ်သွားပေ၏။
ကုဟွိုင်ယန်၏ အင်အားက.... သူတို့တွေ့ဆုံပြီးသည့်နောက် ဤနှစ်အနည်းငယ်အတွင်း ဤအတိုင်းအတာအထိ ကြီးထွားနေခဲ့ပြီလား။
ထိုအင်အားမှာ နန်းတွင်းဘက်မှ စောင့်ကြည့်နေသည့်ကြား အင်အားကြီးမားလာခဲ့ခြင်း ဖြစ်သည်။ ထိုသူမှာ ဖူချင့်ဧကရာဇ်အတွက် ခြိမ်းခြောက်မှုအကြီးစား ဖြစ်လာခဲ့ပေပြီ။
YOU ARE READING
ကြိုးငါးဆယ်တပ် ဗျပ်စောင်း
Fantasy"I was so good to you. I dug my heart out for you. So why don't you even look at me?" A dog-blood cultivation story about a human and a yao. Alright, fine . It's yao gong x human shou, hypocritical shou vs paranoid gong. Author : Priest Year : 2011...