အချပ်ပို - ၁

2.1K 255 35
                                    

အချပ်ပို - ၁

ရှီးဝူသွမ်း ငယ်စဉ်တုန်းက အိပ်မွေ့ချမြူနှင်းရည်ကို သောက်မိဖူးကာ အသက်ပျောက်တော့မတတ်ဖြစ်သွားခဲ့သည်။ ထို့နောက် ပေါက်ကရရှစ်သောင်းကိစ္စများ လုပ်ဖို့ သတ်မှတ်ခံထားရသည့်အလား ပြန်နိုးလာခဲ့၏။ သို့သော် မကြာခဏ အအေးမိတတ်ခြင်းဆိုသော ပြဿနာတစ်ခုကိုပါ အဆစ်ရလာခဲ့ရာ ဆောင်းရာသီဝင်လာပြီဆိုလျှင် ချောင်းဆိုးလိုက်နှာစေးလိုက် ဖြစ်တတ်၏။

ထို‌က‌ေလးက အရွယ်ရောက်လာသည့်အခါတွင်လည်း မကောင်းသည့်ကိစ္စများအား များစွာကျူးလွန်ခဲ့ကာ မိုးကြိုးပါ အပစ်ခံရသဖြင့် အသက်ပျောက်မည့်ကိန်း ထပ်တိုက်သွား၏။ သို့သော် ဘေးဥပါဒ်ပြဿနာ‌ေကာင်အဖြစ် ဆက်လက်ရှင်သန်ရန် ကံကြမ္မာပါလာသောကြောင့်ထင် ၊ မဟာဗောဓိပင်၏ သစ်ကိုင်းတစ်ကိုင်းမှ ခန္ဓာသစ်တစ်ခုရအောင် ကြံဆောင်နိုင်ခဲ့သည်။

သို့သော် ထိုအချိန်မှစပြီး ထိုယောက်ျားပျိုမှာ အအေးဒဏ်ရော အပူဒဏ်ပါ ကြောက်သွားကာ နွေရာသီ၏အပူဆုံးသောနေ့တွင်ဖြစ်စေ၊ ဆောင်းရာသီ၏ အအေးဆုံးသောနေ့တွင်ဖြစ်စေ လုံးဝလုံးဝ အပြင်မထွက်သဖြင့် အတည်ကြီး သစ်ပင်တစ်ပင် ဖြစ်သွားလေသလားဟု ထင်မှတ်မှားစရာ‌ေကာင်းလာ၏။

ပိုင်လီမှာ ဤကိစ္စအတွက် အင်မတန်မှ စိုးရိမ်ခဲ့ရာ ဗောဓိတောင်သို့ပင် တကူးတကသွားပြီး အဆိုပါဗောဓိပင်အား သေသေချာချာ သွား‌ေလ့လာဖြစ်ခဲ့၏။ ထိုအခါ ထိုအပင်မှာ အအေးဒဏ်ရော အပူဒဏ်ပါ မကြောက်ကြောင်း ပိုင်လီ သိလိုက်ရသည်။ ထိုအပင်ကြီးမှာ နွေဆိုလည်း အခြားအပင်များနည်းတူ စိမ်းစိုလန်းဆန်းနေကာ သင်းရနံ့များပင် ပျံ့နှံ့မွှေးကြိုင်၏။ ဆောင်းရာသီဆိုလည်း တစ်တောင်လုံး နှင်းများဖုံးအုပ်ထားသည့်တိုင် ထိုအပင်ကြီးက စိမ်းမြလန်းဆန်းနေတတ်သည်။

ထို့ကြောင့် ပိုင်လီမှာ ထိုကိစ္စအား လုံးဝ နားမလည်နိုင်‌တော့ပါဘဲ ဂိုဏ်းချုပ်ဆရာကြီးကိုသာ အကျိုးအကြောင်းမေးမြန်းလိုက်၏။

"ဆောင်းရောက်တိုင်း သူ ဘာလို့ အမြဲချမ်းနေတာလဲ"

ဂိုဏ်းချုပ်ဆရာကြီးမှ ဖြေ၏။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Unde poveștirile trăiesc. Descoperă acum