အပိုင်း - ၁၀ ( တောင်ပေါ်ရှိ မီးအိမ်များ)

1.6K 287 1
                                    

အပိုင်း - ၁၀ ( တောင်ပေါ်ရှိ မီးအိမ်များ)

တောင်ခါးပန်းတစ်ဝက်သို့ ရောက်သောအခါ ရှီးဝူသွမ်း၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ရ၏။ ဤတောင်တက်လမ်းမှာ တောင်ထိပ်အ‌နောက်ပိုင်းသို့ တိုက်ရိုက်ဆက်သွယ်နေခြင်းဖြစ်ကာ သာမန်ပြည်သူနှင့်မုဆိုးများ ချန်ယွင်တောင်ကြားသို့ မတော်တဆဝင်သွားမိသည့်အရေးမှ ကာကွယ်ပေးနိုင်ရန် ဟိုတစ်နေရာ ဒီတစ်နေရာ ကင်းစခန်း ချထားကြသည်။ အလှည့်ကျစောင့်ကြပ်ရန်လည်း တပည့်အချို့တာဝန်ချထား၏။ ဧည့်သည်တစ်ယောက်ယောက်လာလျှင် ကင်းစခန်းတွင်သာ ရပ်ခိုင်းစေကာ ဂိုဏ်းသို့ အရင် သတင်းပြန်ပို့ရသည်။

သို့သော် ယခုတွင်တော့ တစ်ယောက်သော်မျှ ရှိမနေခဲ့။

တစ်ခုခုတော့ မူမမှန်တော့ကြောင်း နောက်ဆုံးတော့ ရှီးဝူသွမ်း သတိထားမိသွား၏။

ထို့ကြောင့် လုလင်ပျိုလေး၏မျက်နှာထက် သွေးများလျှံတက်သွားကာ တောင်ထိပ်သို့အမြန်တက်လာလိုက်သည်။ သူ့မျက်နှာပေါ်ရှိ စပ်ဖြီးဖြီးအပြုံးမှာ မ‌ေရရာမသေချာမှုကြား မှိန်ဖျော့လာ၏။ ရှီးဝူသွမ်းက လက်ဟန်ပြလိုက်သောအခါ ‌ဆွေ့ဖျင်ရှန်းလည်း သူ့ပုခုံးပေါ် ပျံဆင်းလာသည်။ ထို့နောက် ရှီးဝူသွမ်းက တိုးတိုးလေး ပြောလာ၏။

"ထူးဆန်းချက်ပဲ။ ဘာလို့ ဆရာတူအစ်ကိုတွေ တစ်ယောက်မှ ရှိမနေတာလဲ။ အထဲကို သွားကြည့်ကြည့်ကြစို့"

ဧည့်ခန်းဆောင်တွင်လည်း လူသူကင်းမဲ့နေသည်။ သို့သော် စားပွဲပေါ်ရှိ စစ်တုရင်ခုံ‌တွင်မူ အဖြူနှင့်အနက် ကျားစေ့များ ပြန့်ကြဲနေ၏။ စစ်တုရင်ကစားနေဆဲလူများက အရေးပေါ်ကိစ္စတချို့‌ေကြာင့် ဆင့်ခေါ်ခံရသည့်ဟန်ပါပေ။

ရှီးဝူသွမ်းက လက်ဖက်ရည်ခွက်တစ်ခွက်အား သူ့လက်ဖမိုးဖြင့် အပူချိန်စမ်းကြည့်လိုက်၏။

အေးနေချေပြီ။ ထွက်သွားခဲ့သည်မှာ အတော်ကြာပေတည့်။

နှစ်ဟောင်းကုန်ခါနီး ဘိုးဘေးကန်တော့ပွဲ ကျင်းပကြလျှင်သော်လည်းကောင်း၊ ဧကရာဇ်ကိုယ်တော်တိုင် တောင်ပေါ်သို့ ကြွမြန်းလာတော်မူလာလျှင်သော်လည်းကောင်း ၊ လမ်းကြားရှိကင်းစခန်းများမှာ ဝတ္တရားမပျက် အလုပ်ဆက်လုပ်ကြမြဲပါပင်။ ယခုအကြိမ်က ဘာများဖြစ်ပျက်နေ၍ ရှိသမျှလူများ အလောတကြီး ထွက်ခွာသွားပါသနည်း။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Onde histórias criam vida. Descubra agora