အပိုင်း - ၄၄ ( စစ်မီး )

1.1K 223 9
                                    


အပိုင်း - ၄၄ ( စစ်မီး )

တာ့ချန်သက္ကရာဇ် (၂၉)နှစ်မြောက်ဝယ် ယခင်ဧကရာဇ် နတ်ရွာစံသွားကာ ဧကရာဇ်အသစ် နန်းတက်လာ၏။

နောင်လာနောက်သားမျိုးဆက်၏ သမိုင်းစာအုပ်ထဲတွင် ဤသက္ကရာဇ်မှာ ရှည်လျားလှသော ဆယ့်နှစ်နှစ်တာ ပဋိက္ခကာလ၏ အစမှတ်ဟု မှတ်သားဖော်ပြကြလောက်ပေမည်။

တာ့ချန်သက္ကရာဇ် (၂၀)နှစ်မြောက် မှစတင်ပြီး တိုင်းပြည်အဝှမ်း ပုန်ကန်ထကြွမှုများ ထွက်ပေါ်နေခဲ့ကာ သူပုန်အရေအတွက်များအား ရေတွက်၍ပင် မကုန်နိုင်ခဲ့။ တစ်နေရာမှ ထကြွတော်လှန်လိုက်လျှင် အခြားနေရာက ၎င်းကို လိုက်လံတုပပြီး ပုန်ကန်ကြကာ တစ်သက်မှာတစ်ခါ ပုန်ကန်ခြင်းမပြုလျှင် အရှက်ရစရာကောင်းလှသည်ဟုပင် ယူဆကြ၏။ ထို့အပြင် သဘာဝဘေးအန္တရာယ်များရော လူလုပ်ကပ်ဘေးများကပါ ဆက်တိုက်ဖြစ်ပွားကာ နန်းတော်ထဲရှိ လူများမှာ အ‌ေရှ့နံရံကိုဖြိုကာ အနောက်နံရံအား လာဖာကြရ၏။ (ခေတ္တယာယီသာခံမည့် နည်းလမ်းဖြင့် အမြန်ဖြေရှင်းလိုက်ကြ၏။) ပြိုကျပျက်ယွင်းနေသော သူတို့၏တိုင်းပြည်ကြီးအား ကယ်တင်နိုင်ဖို့ အမောဆို့နေကြ၏။

တာ့ချန်သက္ကရာဇ် (၂၉)ခုနှစ်တွင်မူ ‌ကျိုးယွဲ့ဒေသရှိ ဆယ့်လေးခုသောစီရင်စုထဲ စစ်ပွဲဖြစ်ပွားလာကာ ဖုန်လိုင်နှင့် တုန်းယွဲ့ကဲ့သို့သော နေရာများတွင် စစ်ဘေးရှောင်များက တပ်မတော်ထဲဝင်ကာ ထိုရုန်းရင်းဆန်ခတ်ဖြစ်မှုများအ အခွင့်ကောင်းယူပြီး ခိုးနှိုးလုနှိုက်ကြ လူသတ်ခဲ့ကြ၏။ သူတို့၏ခေါင်းဆောင်ဆိုလျှင် သူ့ကိုယ်သူ ဘုရင်ဟု သတ်မှတ်ထားကာ အရှေ့ပင်လယ်ကမ်းစပ်တစ်လျှောက် "တုန်းယွဲ့တိုင်းပြည်"ဟု စတင်သတ်မှတ်လာသည်။ ထို့နောက် ပြည်နယ်အသီးသီးထံ စာပို့ကာ သူတို့ဘက်မှ  ပွင့်လင်းမြင်သာစွာ တော်လှန်ပုန်ကန်ကြောင်း၊ သီးသန့်တိုင်းပြည် တည်ထောင်လိုက်ကြောင်း အသိပေးလာ၏။

ဧကရာဇ်အသစ်က သူ၏တပ်မတော်ကို စေလွှတ်ကာ ထိုသူတို့အား နှိမ်နင်းစေသည်။ သို့သော် လမ်းခုလတ်တွင်ပင် မကြုံစဖူး အပြင်းထန်ဆုံး‌ေသာ မြေငလျင်ဒဏ်နှင့် တွေ့ကြုံရရာ သူပုန်တပ်သားများအား ရှာမတွေ့ခင် သူတို့ကိုယ်တိုင် မြေပြိုမှုအောက် ပိပြားကာ အတုန်းအရုန်း သေဆုံးကြကုန်၏။ ထိုငလျင်၏ ရိုက်ခတ်မှုကို ဖုန်လိုင်၊ တုန်းယွဲ့၊ ချင်ဟူ ၊ ဟွိုင်ရှီး၊ ဝူချူးစ‌ေသာ စီရင်စု‌ေတာ်တော်များများလည်း ခံလိုက်ကြရသည်။ ထိုငလျင်မှာ ပုကျိုးတောင်ကိုပင် နိမ့်ဆင်းသွားစေကာ အနောက်ဘက်တစ်ခြမ်းအား အကုန်ပြိုကျ‌ေစခဲ့၏။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Onde histórias criam vida. Descubra agora