အပိုင်း - ၃၉ ( ရုပ်ကြွင်းမီးတောက်)

1.1K 239 3
                                    

အပိုင်း - ၃၉ ( ရုပ်ကြွင်းမီးတောက်)

ရှီးဝူသွမ်းမှာ လက်နှစ်ဖက်ကို ပိုက်ထားလျက် ရှသွမ်းဖန်းအား မျက်မှောင်ကြုတ်ပြီး ကြည့်လာ၏။

ရှသွမ်းဖန်းမှ ဆိုသည်။

"ဒီယောက်ျားရဲ့ အရိုးစုအပါအဝင် အတွင်းကလီစာတွေထဲက အသက်ဓာတ်‌ေတွဟာ အကုန်စုပ်ယူခံလိုက်ရပြီဆိုတာကို ခင်ဗျား ခုထက်ထိ တပ်အပ်မပြောနိုင်သေးဘူးလား ။ ဒါတောင် အရေခွံပဲကျန်တဲ့ အလောင်းကြီးက တစ်ချက်မှ ပုံပျက်မသွားဘူး။ သူ့ရဲ့ ဟွန်ဝိညာဉ်သုံးခုနဲ့ ဖို့ဝိညာဉ်ခုနစ်ခုလည်း လုံးဝမရှိတော့ဘဲ အစားခံလိုက်ရပြီ။ ဒါကာ  လူအသွင်ပြောင်းနိုင်တဲ့ နတ်မိစ္ဆာအဆင့်မဟုတ်ဘဲ ဆိုးသွမ်းရက်စက်လှတဲ့ မိစ္ဆာနတ်ဆိုးဆိုတာ ရှင်းနေတာပဲလေ"

ရှီးဝူသွမ်းမှာ မည်သို့မှ ပြန်မပြာပါဘဲ ရှသွမ်းဖန်းဆက်ပြောလာမည့်အရာကို နားထောင်နေဆဲ။

"ခင်ဗျား သတိထားမိရဲ့လားဆိုတာ ကျုပ် မသိဘူး။ အခု သေသွားတဲ့လူတွေအားလုံးက အသက်ကလွဲရင် အကုန်လုံးက ယောက်ျားတွေချည်းဖြစ်‌ေနမှန်း‌ေတာ့ တူတယ်။ ကျုပ်ရဲ့ဂိုဏ်းထဲ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ ရှေးခေတ်ကျမ်းစာတွေအရ မိန်းမတွေရဲ့ ယင်ဓာတ်က မိစ္ဆာနတ်ဆိုးတွေရဲ့ပင်ကိုဗီဇနဲ့ ဓာတ်ချင်းမတည့်ဘူးတဲ့"

အတန်ကြာ တိတ်ဆိတ်ပြီးသည့်နောက်မှာမှ ရှီးဝူသွမ်းက ဆို၏။

"ခင်ဗျား ပြောနေတာတွေအားလုံးက...."

ရှသွမ်းဖန်းမှာ သူ ဘာပြောချင်မှန်း သိနေသဖြင့် ကြားဖြတ်ပြောလိုက်သည်။

"ဒါတွေကို ပိုင်လီ လုပ်ခဲ့တယ်လို့ ခင်ဗျား မယုံဘူးလို့ ပြောချင်နေမှန်း ကျုပ်သိတယ်။ ပြီးတော့ ခင်ဗျားနဲ့ သူက ငယ်သူငယ်ချင်းတွေဆိုတာလည်း ကျုပ် သိတယ်။ ဒါပေမယ့် လူသတ်တာနဲ့ သူတို့ဝိညာဉ်ကို စားပစ်တာက မိစ္ဆာတွေရဲ့ အစစ်မှန်ဆုံးသော ပင်ကိုဗီဇပဲ။ သူ ကူဂျီကို ရောက်လာတာ တစ်နှစ်ကျော်‌ေတာင် ရှိပြီ။ ဘာဆိုဘာမှမလုပ်ဘဲ ဒီလောက်အကြာကြီး သည်းခံနိုင်ခဲ့တာတင်ဘယ်လောက်တောင် လေးစားစရာကောင်းလိုက်သလဲဆိုတာ ခင်ဗျား သိတယ်မလား"

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Donde viven las historias. Descúbrelo ahora