အပိုင်း - ၇၁ ( ကြိုးငါးဆယ်တပ် ဗျပ်စောင်း)အတိတ်နေ့ရက်များအကြောင်း ပြန်ပြောင်းအောက်မေ့ခြင်းမှာ ပိုင်လီအတွက်တော့ ဒေါသများသာ ပေါက်ဖွားလာစေ၏။ ထိုသူမှာ "အစစအရာရာ အဆင်ပြသွားမှာပါ" ဆိုသော စကားနှင့် လုံးဝစိမ်းသက်ရမည့်ကံ ပါလာခဲ့သည်ထင်။
အခက်အခဲဟူသည် လူအများစုအတွက် လောကဓံတစ်မျိုးသာ ဖြစ်၏။ ပုံမှန်အားဖြင့် ပိုမိုခက်ခဲသော လမ်းကို ရွေးထားလျှင် အခြားသူများထက် ပိုပြီး ကြီးကျယ်ခမ်းနားစွာ နေထိုင်နိုင်မည်ဟူသော အဓိပ္ပာယ်ပါ သက်ရောက်ပါပေ၏။
သို့သော် ကြီးမားကျယ်ဝန်းသော မြိုင်ဟေဝန်ထဲ မည်သည့်ကျေးငှက်မျိုးမဆို တွေ့နိုင်သည်သာ။ ပိုင်လီမှာ ထိုအမျိုးအစားထဲေတာ့ မပါပါချေ။ ကောင်းကင်ဘုံက အားလုံး၏ဦးခေါင်းပေါ် မုန့်များ ပေးဝေပစ်ချလာသည့်တိုင် သူ့တစ်ယောက်တည်းကိုသာ ကွက်ပြီး ဝေေပးဖို့မေ့နေမည်ဟု ပိုင်လီ တထစ်ချယုံ၏။
ကောင်းကင်ဘုံက အချို့သူများအား မွေးလာကတည်းက အမြင်မကြည်ပံုရသည်ထင်။ မည်သူကမှ သူနှင့် ရှီးဝူသွမ်းကြားက ရှုပ်ထွေးလှသောနှောင်ကြိုးများအား ရှင်းလင်းပေးနိုင်မည် မဟုတ်ပါ။ အတော်ဆုံးတွက်ချက်သူတဖြစ်လဲ ရှီးဝူသွမ်းကိုယ်တိုင်ပင်လျှင် မည်သူက မည်သူ့အပေါ် အကြွေးပိုတင်သနည်းဆိုသည်ကို တွက်ချက်ရခက်နေ၏။
သို့သော် နားလည်ရတော့ သိပ်မခက်ပါ။ သူတို့ရောက်နေသောနေရာမှ ကြည့်လျှင် မိမိတို့နှစ်ယောက်လုံးမှာ ကံအတော်ဆိုးခဲ့ကြကြောင်းတော့ သေချာပါ၏။ နှစ်ဦးနှစ်ဖက်စလုံးမှာ စိစိညက်ညက်ကြေအောင် ခြေမွခံခဲ့ရသည့် ကံကြမ္မာကြား အလူးအလှိမ့် ခံစားခဲ့ရ၏။
ရံဖန်ရံခါ ပိုင်လီမှာ ရှီးဝူသွမ်းဟူသည် အမှန်တကယ် ရှိမေနဖူးကြောင်း၊ မိမိ၏ စွဲလမ်းတပ်မက်မှုမှ ဖြစ်ပေါ်လာသော ပုံရိပ်ယောင်သာဖြစ်ကြောင်း ထင်နေတတ်သည်။ ယခု ထိုသူက မိမိအား ဖက်တွယ်ရစ်သိုင်းလာသည့်တိုင်၊ တစ်ဖက်လူ၏သွေးကြောထဲက ပူနွေးသောသွေးစီးေကြာင်းများကို ခံစားသိရှိနိုင်သည့်တိုင်၊ ဤအထိအတွေ့အားလုံးမှာ အစစ်အမှန် ဟုတ်မနေသလိုဟုသာ ခံစားနေရ၏။
ESTÁS LEYENDO
ကြိုးငါးဆယ်တပ် ဗျပ်စောင်း
Fantasía"I was so good to you. I dug my heart out for you. So why don't you even look at me?" A dog-blood cultivation story about a human and a yao. Alright, fine . It's yao gong x human shou, hypocritical shou vs paranoid gong. Author : Priest Year : 2011...