အပိုင်း - ၅၇ ( အရူး )

1.1K 228 9
                                    

အပိုင်း - ၅၇ ( အရူး  )

ရှီးဝူသွမ်း နောက်တစ်ခေါက် ပြန်နိုးလာသောအခါ ထိုနေရာအစုတ်အပဲ့ကြီးထဲရှိ နေအလင်းရောင်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ မလှမ်းမကမ်းရှိ မီးပုံထဲမှ တကျွတ်ကျွတ်တောက်လောင်နေသော အသံများအား ကြာ‌ေနရလို့။ ရှီးဝူသွမ်းမှာ ကုန်းရုန်းထလာကာ ဘာဖြစ်သွားခဲ့မှန်း အမှတ်ရမိသောအခါ မျက်နှာရှုံ့မဲ့သွားလေ၏။

မီးပုံတစ်ခုရှိသည့်တိုင် ဂူထဲတွင် မှောင်မိုက်နေဆဲပါပေ။ ရှီးဝူသွမ်းမှာ သူ၏ဘေးပတ်ဝန်းကျင်အား မနည်းမြင်အောင်ကြည့်ရကာ တစ်ဖက်လူရှိမနေကြောင်း အတည်ပြုလိုက်သည်။ သေချာသွားပြီးခါမှ ရှီးဝူသွမ်းက ခေါင်းအနည်းငယ်မော့ကာ အပေါ်ဘက် ကြည့်လိုက်၏။

နီရဲ‌‌ေမှာင်မိုက်နေမြဲပါပေ။

ခဏအကြာ ရှီးဝူသွမ်း သက်ပြင်းချလိုက်သည်။

ဒါက‌ေရာ ဘာကြီးလဲ။ ငါ့အပေါ်မှာ ဘာလို့ အရွက်လိုလိုဟာကြီး လာခြုံထားတာလဲ။ အသားကတော့ ပိုးသားလို အိရှာသား။

ရှီးဝူသွမ်းမှာ သူ့ခန္ဓာကိုယ်ကို သူ ပြန်လည်ဆန်းစစ်ကြည့်လိုက်သည်။ ဒဏ်ရာရထားသောနေရာ၊ ဖူးယောင်နေသော နေရာများကို ကုသပေးထားသည့်တိုင် အတော်လေး အညိုအမည်းစွဲနေဆဲ။ နာကျင်မှုကမူ ရင်ဘတ်အား ဖောက်ခွင်းခဲ့သော မြားထက်တော့ မပြင်းထန်သည်မို့ သူ လက်ခံနိုင်သော နာကျင်မှုအတိုင်းအတာထဲတွင်သာ ရှိပေသည်။

သို့သော် နေရထိုင်ရမသက်မသာဖြစ်စေသော နာကျင်မှုတစ်မျိုးက အရိုးထဲထိ စိမ့်ဝင်နေကာ နားထင်နှစ်ဖက်မှလည်း တဒုန်းဒုန်းနှင့် ၊ ကြိုးဖြင့်တင်းတင်းလာပတ်ထားသလို အောင့်သက်နေလို့။ ချမ်းလည်းချမ်းနေသဖြင့် ရှီးဝူသွမ်းမှာ ခွေခွေလေးသာ နေဖြစ်ခဲ့သည်။

အမှန်တော့ ဤနေရာအစုတ်ထဲ ရောက်လာပြီးကတည်းက သူ၏ခန္ဓာကိုယ်အပူချိန်မှာ ဆက်တိုက်ကျနေကြောင်း ရှီးဝူသွမ်း သတိထားမိ၏။ ရှီးဝူသွမ်းမှာ ဂူအဝကိုရော မီးပုံကိုပါ ကျောပေးထားကာ အနီရင့်ရောင်ဂူနံရံထက် ထင်ဟပ်နေသော အရိပ်ကိုသာ ငေးကြည့်ဖြစ်၏။ အဖျားကြောင့် ဦးနှောက်ပျက်သွားလေသလားတော့မသိ၊ သူ၏အမြင်အာရုံမှာ ဝေဝါးလာကာ ဤအဖြစ်များအား အိပ်မက်မြူခိုးတစ်ခုဟုသာ ရေးတေးတေး ခံစားလိုက်ရသည်။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Donde viven las historias. Descúbrelo ahora