အပိုင်း- ၇၂ ( ဆဋ္ဌမမီးအိမ် - ၁ )

1.1K 217 17
                                    


အပိုင်း- ၇၂ ( ဆဋ္ဌမမီးအိမ် - ၁ )

သို့နှင့် ဆောင်းဦးလယ်ပွဲတော်မှာ ပူပြင်းခြောက်သွေ့သော နေ့တစ်နေ့ဆီ လျင်မြန်စွာ ရောက်ရှိလာသည်။ မုန့်လုံးပမာ ဝိုင်းစက်နေသော လပြည့်ဝန်းအောက် ရှီးဝူသွမ်းက စစ်မြေပြင်မှ ပို့လာသော စာရွက်စာတမ်းများအား လက်ခံရယူခဲ့၏။ ကုဟွိုင်ယန်မှာ သူ၏စစ်အင်အားကို ဦးဆောင်ကာ တုန်းယွဲ့သို့ ‌ေနာက်တစ်ခါ ချီတက်ခဲ့ကြောင်း၊ အလယ်ပိုင်းလွင်ပြင်ဒေသ၏ နောက်ဆုံးခံတပ်ဖြစ်သည့် ရှူနန်စခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ စစ်သူကြီးစုန့်ကို အရှင်ဖမ်းမိနိုင်ခဲ့ကြောင်း ပြောပြလာသည်။

ထို့နောက် စစ်သူကြီးစုန့်က သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့သည်ဟုလည်း ဆို၏။

အဆိုးရွားဆုံးသော ခေတ်ကာလ၌ မွေးဖွားခဲ့သော်ငြား တိုင်းပြည်နှင့် ဘုရင်အပေါ် သစ္စာမပျက်ခဲ့သော လူအဖြစ် ထိုသူ၏အမည်နာမမှာ ရာဇဝင်၌ တွင်ကျန်ခဲ့သည် ။ ကျင့်ကြံရေးဂိုဏ်းများနှင့်လည်း မပူးပေါင်းပါဘဲ စစ်မြေပြင်၌ ရဲဝံ့စွာ တာဝန်ထမ်းဆောင်ခဲ့ကာ စစ်သည်‌ေတာ်တစ်ယောက်၏ ဂုဏ်သိက္ခာကို သူ့အသက်ဖြင့်လဲကာ ကာကွယ်လိုက်သည်ဟု ပြောစမှတ်ပြုကြမည်ဖြစ်၏။

သို့သော် ထိုစကားတိုင်းမှာ မုသားအကြီးစားသာဖြစ်ကြောင်း မည်သူမှ မသိကြ။ ယခုထက်ထိတိုင် ထိုသတင်းအမှားမှာ ဆက်ပြီး ပျံ့နှံ့နေလျက်ရှိသည်။

ရုန်းရင်းဆန်ခတ်ဖြစ်နေလှသော ဤခေတ်ပျက်ကြီးထဲမှာမှ ရှီးဝူသွမ်း၏လက်ထဲ ထူးဆန်းလျို့ဝှက်လှသူများ ရှိ၏။ အစပထမတွင်မူ မေးခွန်းထုတ်စရာကောင်းသော နည်းလမ်းများဖြင့် ရလာသည့် ၊ ငွေကြေးဂုဏ်ဒြပ်နှင့် ချည်နှောင်ထားသော ကုန်သည်အဖွဲ့သေးသေးလေးတစ်ခုသာ ဖြစ်‌ေသာ်ငြား နောက်ပိုင်းမှာတော့ သူတို့၏လက်က ပို၍ဝေးလံသောနေရာများဆီ တဖြည်းဖြည်း လှမ်းနိုင်ခဲ့ကြသည်။ သတင်းစကားများစွာ၊ ခွန်အားဩဇာကြီးမားစွာ ရခဲ့သည်။ အချိန်ကာလရွေ့လျောလာသည်နှင့်အမျှ ကုန်သည်အဖွဲ့အစည်းမှာ ပိုပြီးသိုသိပ်လာကာ ရှုပ်ထွေးနက်နဲလာ၏။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Hikayelerin yaşadığı yer. Şimdi keşfedin