အပိုင်း - ၄၀ ( အက်ကွဲကြောင်း - ၁ )

1K 232 8
                                    


အပိုင်း - ၄၀ ( အက်ကွဲကြောင်း - ၁ )

မင်းရဲ့လက်ထဲ ဘာလို့ ဓားရှိနေတာလဲ။

မင်း ငါ့ကို သတ်ချင်နေတာလား။

ပိုင်လီမှာ ထိုသို့တွေးမိသွားသည်နှင့် အပြုံးများ ဖျော့တော့သွားသည်။ တစ်ချိန်တည်းမှာပင် သူ့နှလုံးသားအား အပေါက်ကြီးတစ်ပေါက်ဖြစ်အောင် ထိုးနှက်ရိုက်ခွဲခံလိုက်ရပြီဟုလည်း ခံစားလိုက်ရ၏။ သူ တယုတယ ကာကွယ်‌ထားခဲ့သော နွေးထွေးမှု‌ေသးသေးလေးမှာ ယခုတွင်‌တော့ အောက်ခြေမဲ့ ‌အသူတရာချောက်နက်ထဲ ကျသွားပြီဖြစ်၏။

မင်းအပေါ် ငါ သိပ်ကောင်းပေးခဲ့တယ်။ မင်းအတွက်ကိုဆို ငါ့ရဲ့ နှလုံးသည်းပွတ်ကို‌ေတာင် နှိုက်ထုတ်ပေးနိုင်တာ။ ဘာကြောင့်များ မင်းကကျ ငါ့ကို တစ်ချက်တောင် လှည့်မကြည့်‌ေပးနိုင်တာလဲ။

"ဝူသွမ်း...."

ပိုင်လီက ထိုနာမည်အား တိုးလျစွာ ရေရွတ်လိုက်ကာ ရှီးဝူသွမ်း၏လည်တိုင်အား တုံ့ဆိုင်းခြင်းမရှိ ငုံ့ပြီး ကိုက်လိုက်၏။ ပန်းထွက်လာသော သွေးစိမ်းရှင်ရှင်များမှာ ပိုင်လီ၏နှုတ်ခမ်းထက် ပေကျံသွားလို့။ ထို့နောက် သားကောင်ကို ကိုက်ဖြဲပစ်မည့် သားရဲတစ်ကောင်အလား သွားများက အစွယ်အဖြစ် ပိုရှည်လာကာ ရှီးဝူသွမ်းအား တစ်စစီဖြဲပြီး စားသောက်ပစ်တော့မည်ဟု ကြံရွယ်လိုက်သည်။

ရှီးဝူသွမ်း၏မျက်နှာမှာ နာကျင်မှုကြောင့် ဖြူဆုတ်သွားသည်။ ပိုင်လီ၏ဝမ်းဗိုက်ကိုလည်း ရက်စက်စွာ ဒူးဖြင့် ကန်လိုက်၏။ မိစ္ဆာသွေးတစ်ဝက်သာပါသော ပိုင်လီအား အနှီယင်ဓာတ်ရုပ်ကြွင်းမီးတောက်က ထိုမျှထိ သက်ရောက်မှုရှိလိမ့်မည်ဟု ရှီးဝူသွမ်း မထင်ထားခဲ့။

သို့သော် သွေးရူးသွေးတန်း တိုက်ခိုက်လာ‌ေသာ ထိုလုပ်ရပ်ကြောင့် ပိုင်လီ ပျော့ခွေမသွားခဲ့ပါ။ ကျိုလုတောင်ပေါ်၌ လုလင်ပျိုဘဝ ဖြတ်သန်းခဲ့ရစဉ် ရှီးဝူသွမ်းမှာ ချည့်နဲ့သော စာကြမ်းပိုးတစ်‌ေယာက် မဟုတ်ခဲ့။ ထူထဲခိုင်ခံ့သော သစ်သားတံခါးကိုပင် ကန်ချနိုင်သည့် အားအင်မျိုး ရှိသော်ငြား ပိုင်လီကမူ ထိုတိုက်ခိုက်လာမှုအား တစ်ချက်မျှပင် မဖြုံပါ။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Dove le storie prendono vita. Scoprilo ora