အခန်း - ၄၁ ( အက်ကွဲကြောင်း - ၂ )
ရှီးဝူသွမ်း၏ ရင်ဘတ်ထက် သွေးစိမ်းရှင်ရှင်များ ဒလဟေုထွက်နေကာ ထိုသွေးများမှာ ဝတ်ရုံထဲ ထည့်သိမ်းထားသော မြစိမ်းရောင်ဖန်သားလည်ဆွဲထဲ ရောက်သွား၏။ ၎င်းမှာ ထိုဖန်သားထက် ထုထွင်းထားသော အမှတ်အသားတိုင်းဆီ စီးဆင်းသွားကာ ၎င်းထက်ရှိ လူပုံမှာ လူပုံနှင့်မတူတော့ဘဲ အစီအရင်တစ်ခုနှင့်ပင် တူသွား၏။ သူ့အပေါ်ထွင်းထားသော သေးငယ်သည့်လမ်းကြောင်းများမှာ စွမ်းအားများအား စုပ်ယူနိုင်သလိုပါပေ။
ထိုသွေးများကပင် ကိုယ်ပိုင်အသက် ရှိနေသည့်အလား မြစိမ်းရောင်ဖန်သားထက်ရှိ လမ်းကြောင်းအတိုင်း လှည့်လည်ေနသည်။ ပြီးသွားသည်နှင့် ရှီးဝူသွမ်း၏ရင်ဘတ်မှ လိေမ္မာ်နီရောင်အလင်းတစ်ခု လင်းလက်လာကာ သံလိုက်တစ်ခု၏ တူညီေသာအစွန်းနှစ်ခုပမာ ထိုလည်ဆွဲက ပိုင်လီအား တွန်းထုတ်ပစ်လိုက်၏။
နံရံထက် ပြင်းထန်စွာ ဆောင့်ရိုက်ခံလိုက်ရသည့် ပိုင်လီသည်လည်း အံ့ဩသွားကာ တိုးလျစွာ ညည်းညူေနသည်။ သူ့မျက်ဝန်းထဲရှိ အနီရောင်အရိပ်များကလည်း သိသိသာသာပင် လျော့ပါးသွားကာ မျက်နှာထက်ရှိ သွေးဆာမှုအရိပ်အေယာင်များကလည်း ေတွဝေမှုအဖြစ် ပြောင်းသွား၏။ ထို့နောက် ရှည်ထွက်နေသောလက်သည်းများကို ကြောင်ေတာင်တောင် ငုံ့ကြည့်နေခဲ့ကာ ထိုမြဖန်သားမှအလင်းရောင် ပျောက်ကွယ်သွားမှ သတိလစ်နေသော ရှီးဝူသွမ်းအား တွေ့လိုက်ရ၏။
ပိုင်လီမှာ ချက်ချင်းပင် မျက်လုံးပြူးသွားကာ နောက်သို့ အလိုလို ဆုတ်မိသွားသည်။ ခဏကြာ ဆွံ့အနေပြီးငည့်နောက်မှာ ရုတ်တရက် ထအော်လာေတာ့၏။
"ဝူသွမ်း!!!!!"
ငါလား....
သူ့ကို ရန်လုပ်လိုက်တာ ငါလား။ ဘယ်လိုလုပ်ပြီး ငါက....
ပိုင်လီမှာ ရှီးဝူသွမ်း၏အနားသို့ စိုးရိမ်တကြီး အပြေးသွားခဲ့သည်။ သို့သော် ရှီးဝူသွမ်း၏ လည်တိုင်နှင့် ရင်ဘတ်ထက် သွေးစိမ့်ထွက်မလာသည့်နေရာဟူ၍ တစ်နေရာမှ မကျန်တော့ပါ။ ထိုသူ၏ခန္ဓာထက် အပေါက်ဘယ်နှစ်ေပါက်ဖြစ်ေအာင် သူ ထိုးဖောက်လိုက်ခဲ့ပါသနည်း။ ပိုင်လီမှာ ဆောက်တည်ရာမရဖြစ်နေကာ ခေါင်းထဲတွင်လည်း ဗလာကျင်းနေခဲ့သည်။ ထိုသူ့ကို ချီရန် မ,ထူချင်သော်ငြား ရှီးဝူသွမ်း၏ လည်တိုင်မှာ သွေးအိုင်အဖြစ် ထွန်းနေပြီဖြစ်ရာ အထိအခိုက်နည်းနည်းပင် မခံနိုင်ခဲ့ပါ။ နည်းနည်းမျှ ထိလိုက်ရုံဖြင့်ပင် သွေးမျယးက ပို၍မြန်ဆန်စွာ ဒလဟောစီးထွက်လာပြန်၏။
BẠN ĐANG ĐỌC
ကြိုးငါးဆယ်တပ် ဗျပ်စောင်း
Viễn tưởng"I was so good to you. I dug my heart out for you. So why don't you even look at me?" A dog-blood cultivation story about a human and a yao. Alright, fine . It's yao gong x human shou, hypocritical shou vs paranoid gong. Author : Priest Year : 2011...