အပိုင်း - ၅၉ ( နှုတ်ဆက်ခွဲခွာခြင်း )Notice - Double update for today.
ีပိုင်လီမှာ ထိုစကားကို နားမလည်သည့်အလား ခေတ္တမျှ ကြောင်သွား၏။
"ဘာ"
တစ်ဖက်လူ၏ မျက်နှာရိပ်မျက်နှာကဲကို သေချာအကဲခတ်ကြည့်သောအခါ ပိုင်လီက တကယ်ကိုပင် သတိမထားမိကြောင်း ရှီးဝူသွမ်း ပြောနိုင်၏။ ထို့ကြောင့် ရှီးဝူသွမ်းလည်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက် လက်ဖျားထိပ်တွင် မီးတောက်တစ်ခု ဖန်တီးလိုက်ကာ ပိုင်လီအား ညွှန်ပြလာသည်။
ပိုင်လီလည်း ရှီးဝူသွမ်းပြသည့်အတိုင်း လိုက်ငုံ့ကြည့်လိုက်သော် သူ၏အရိပ်က လှုပ်ရှားနေကြောင်း ၊ ခဏေနပျောက်သွားလိုက် ခဏနေပြန်ပေါ်လာလိုက်ဖြစ်နေကြောင်း တွေ့ရပေ၏။ အတော်လေးထူးဆန်းသော်ငြား ထိုနောက်ကွယ်က အကြောင်းရင်းကို သိနေသည့်မလား ထူးဆန်းစွာပင် ရင်းနှီးနေ၏။ သို့သော် ထိုအကြောင်းရင်းကို သူကိုယ်တိုင်လည်း သေချာမမှတ်မိပုန်ပါ။ သူ့ရင်ဘတ်ထဲ နက်ရှိုင်းစွာမြှုပ်နှံထားသော ရေးတေးတေးအရာတစ်ခုပမာသာဖြစ်ကာ သေးပေါက်ချင်စိတ်ကို အောင့်ထားရသည်ထက် ပိုပြီး နေရထိုင်ရခက်ေနစေ၏။
ရှီးဝူသွမ်းလည်း မြင်နေသည်။ ပိုင်လီက မြေပြင်ကိုငုံ့ကြည့်ပြီးသည့်နောက် မျက်စိမျက်နှာပျက်သွားကြောင်း တွေ့၏။ ထို့နောက် ပေါက်ကရများလျှောက်ပြောကာ အူမြူးနေသည့် ထိုသူမှာ ချက်ချင်းလဲကျသွားကာ မြေပြင်ပေါ်ခွေလျက် နာကျင်စွာ ညည်းညူမြည်တမ်းလာ၏။ ထို့နောက် အကြောတက်နေသည့်ပမာ ဖြစ်သွားကာ သူ့ခေါင်းကိုသူ ကျောက်တုံးပေါ် ဆောင့်ဆောင့်ချလာ၏။
ထိုအပြုအမူကြောင့် ရှီးဝူသွမ်းမှာ အတော်ထိတ်လန့်သွားသည်။ ပိုင်လီ၏နဖူးထက်တွင် မီးရောင်တစ်စရှိသော်ငြား လွန်စွာမှ မှိန်ဖျော့၏။ ဤဘုံလောက၏ ညအမှောင်ထုထဲတွင်ပင် သိပ်မလင်းပါဘဲ မှိန်ဖျော့နေလှသည်။ ကျောက်တုံးကြီးပေါ် ခေါင်းဖြင့် ဆောင့်ဆောင့်ချကာ ဦးနှောက် ပွင့်ထွက်လာစေအောင် လျှောက်လုပ်နေသော ပိုင်လီကို မြင်သောအခါ ရှီးဝူသွမ်းလည်း ဘာမှမတွေးအားတော့ပါဘဲ ထိုသူ၏ ပခုံးကိုဖိကာ ချုပ်နှောင်ထားလိုက်၏။ သို့သော် ပေါက်ကွဲနိုင်သောစွမ်းအားတစ်ခုက ပိုင်လီထံ စုဝေးလာဟန်ရကာ များမကြာလိုက်ပါချေ ၊ ရှီးဝူသွမ်း၏လက်ထဲရမှ အတင်းရုန်းထွက်နေ၏။
ထိုစဉ် ရှီးဝူသွမ်း၏လက်မှာ ပိုင်လီ၏နဖူးပြင်ထက်ရှိ အလင်းရောင်နှင့် မရည်ရွယ်ပါဘဲ ထိမိသွားသည်။ ထိုအခါမှ ထိုအလင်းေရာင်က သာမန်အလင်းရောင်မဟုတ်ကြောင်း ရှီးဝူသွမ်းသိသွားသည်။ ထိုနေရာတွင် မာကြောသောအရာတစ်ခု ရှိနေကာ အေးစက်စက်အထိအေတွ့မျိုး ပေးသည်။ ၎င်းမှာ ဆောင်းဦးကာလ ညလယ်ခေါင်ကြားက ကန်ရေပြင်တစ်ခုအလား အေးစက်လှေပ၏။
YOU ARE READING
ကြိုးငါးဆယ်တပ် ဗျပ်စောင်း
Fantasy"I was so good to you. I dug my heart out for you. So why don't you even look at me?" A dog-blood cultivation story about a human and a yao. Alright, fine . It's yao gong x human shou, hypocritical shou vs paranoid gong. Author : Priest Year : 2011...