အပိုင်း - ၇၀ ( ပြန်သွားခြင်း )

1.1K 225 6
                                    

အပိုင်း - ၇၀ ( ပြန်သွားခြင်း )

T/ n : Double update for today.

တာ့ကူးလမ်းတွင် ထူးဆန်းသောဖြစ်ရပ် ဖြစ်ပွားသွားပြီး ရက်အနည်းငယ်အကြာ နန်းတော်ဘက်ကလည်း အရေးပေါ်အကြောင်းကြားစာ လက်ခံရရှိခဲ့၏။ မြောက်များလှစွာသော "တော်ဝင်မျိုးဆက်များ" ထွက်လာအောင် သူ၏မောင်းမမိဖုရားများနှင့် "ညစာစားပြီးချိန် ကိုယ်လက်လှုပ်ရှားမှု"ပြုနေသော ဧကရာဇ်မှာ ထိုသတင်းကိုကြားပြီးပြီးချင်း ပြင်းထန်စွာ အော့အန်နေခဲ့ကာ သုံးရက်မျှ အစာမစားနိုင်ခဲ့။ ၎င်းမှာ တာ့ကူးလမ်းမကိစ္စကြောင့်လော ၊ ညကြီးအလယ်ခေါင်တွင်ပင် မည်သူကမှ တိုးတိုးတိတ်တိတ် ထုတ်မပြောရဲသော အသေးအမွှားကိစ္စကြောင့်လောဆိုသည်ကိုမူ လိုသလို ခန့်မှန်းနိုင်ပါသည်‌ေလ။

လွယ်ကူစွာ စိုးထိတ်လှုပ်ရှားတတ်လှသော ညီလာခံသဘင်ဆိုသည့် အဖွဲ့အစည်းမူ တာ့ကူးလမ်းမသတင်းကိုကြားပြီးပြီးချင်း ဆူညံပွက်လောရိုက်ခဲ့ကာ ငါးစိမ်းတန်းထဲ ရောက်နေသလို ငြင်းခုန်နေကြ၏။ ကျိုးယန်လိုင် သို့မဟုတ် လူကြီးမင်းကျိုး၏ သေဆုံးမှုမှာ အနည်းငယ်သော်မျှ ရိုက်ခတ်မှု မဖြစ်စေခဲ့။ အကြင်သူမှာ မည်မျှပင် အလုပ်ကြိုးစားခဲ့ပါစေ၊ မည်မျှပင် ကျော်ကြားခဲ့ပါစေ၊ သေဆုံးသောအခါ အမေ့လျော့ခံသာ ဖြစ်သွားပေ၏။

သို့သော် ဆွေ့ဖျင်ရှန်းမှ သယ်ယူလာပေးသော ထိုသတင်းကြောင့် ခေတ္တမျှ အံ့အားသင့်သွားသည်မှာ တစ်ချိန်တစ်ခါတုန်းက ရန်သူများဖြစ်ကြဖူးသည့် ရှီးဝူသွမ်းပင် ဖြစ်သည်။

"ကျိုးယန်လိုင် သေပြီလား"

ဆွေ့ဖျင်ရှန်းကမူ အခန်းထဲ ပျံဝင်လာပြီးသည်နှင့် ရေတစ်ခွက်အား မှောက်စေလိုက်သည်မို့ သခင်ဖြစ်သူ၏ အင်္ကျီလက်အား ရေအေးအေးကြီးဖြင့် စွတ်စိုသွားစေသည်။ သူ့ကိုယ်သူကမူ အမွေးလှလှအား တသသလုပ်နေလျက်။ ထိုငှက်ကြီးမှာ ယုန်ကြီး ဆုံးပြီးကတည်းက အထီးကျန်ပြီး ပျင်းရိငြီးငွေ့‌ေနတတ်ရာ ယခု ပိုင်လီကို တွေ့လိုက်သောအခါ ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာသည်။ သူ အကြာကြီး ကြောက်ရွံ့ခဲ့ရသော ထိုသူမှာ ဘေးချင်းယှဉ်ပြီး နှစ်ပေါင်းများစွာ ပေါင်းဖော်လာသော မိတ်ဆွေဟောင်းကြီးနှင့် တစ်ယောက်တည်းဖြစ်မှန်း သိနေခဲ့သလိုပါ‌ေပ။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Where stories live. Discover now