အပိုင်း - ၇ ( အစဉ်မပြတ်ပြောင်းလဲသော အစီအရင် )

2.1K 357 23
                                    

အပိုင်း - ၇ ( အစဉ်မပြတ်ပြောင်းလဲသော အစီအရင် )

ဤနေရာသို့ ဘာအ‌ေကြာင်းကြောင့် ရောက်လာရမှန်း ဂဃနဏမသိသေးသည့် ရှီးဝူသွမ်းမှာ ကျန်းဟွာစန်ရန်ပိုင်ဆိုင်သော ဤရိပ်မြုံတွင်သာ အူကြောင်ကြောင်လေး ဆက်လက်နေထိုင်ခဲ့ရ၏။

စင်စစ်တွင်မူ ရှီးဝူသွမ်းမှာ မည်သည့်အခြေအနေမျိုးကိုမဆို နေသားကျအောင် ညှိယူဖန်တီးနိုင်သူဖြစ်သည်။ကျန်းဟွာစန်ရန်က သူ့အား ကောင်းမွန်စွာ ‌ကျွေးမွေးစောင့်ရှောက်ထားသည့်အပြင် မြေအောက်ဂူထဲရှိ ကျမ်းစာများကိုပါ စိတ်တိုင်းကျသလောက် အချိန်မရွေး လေ့လာဆည်းပူးခွင့်ပါ ပေးထား၏။ အကယ်၍ တစ်နေရာရာ နားမလည်ပါလျှင် ရှင်းလင်း‌ေပြာပြပေးဖို့ စန်ရန်ဆီ သွားရောက်‌ေမးမြန်း၍ပင် ရသေး၏။ ထို့အပြင် မထင်မှတ်ထားဆုံးသောမေးခွန်းများ မေးလိုက်သည့်တိုင် ကျန်းဟွာစန်ရန်က ဖော်ရွေမှုမပျက် စိတ်ရှည်လက်ရှည် ရှင်းပြပေးတတ်သည်။ ရှီးဝူသွမ်းတစ်ယောက် ဆိုးသွမ်းနေသည့်တိုင်၊ အပျက်အဆီး အရှုပ်အထွေးများ ပြုမိသည့်တိုင် ထိုပုဂ္ဂိုလ်က လုံးဝ မတုန်လှုပ်ပါဘဲ နေမြဲအတိုင်းသာ နေတတ်၏။ သူ့ကိုရိုက်ဖို့ရာ တုတ်တစ်ချောင်းသော်မျှ မကောက်ခဲ့ဖူးခဲ့။ ထို့ကြောင့် နှစ်လမျှလွန်မြောက်သွားသောအခါ တုတ်စာမမိရသည်မှာ ကြာနေပြီဖြစ်သည့် ရှီးဝူသွမ်းမှာ သူ့အရေပြားထက် ယားကျိကျိဖြစ်လာသည်ဟု ခံစားရ၏။ ဤသို့သော နေ့စဉ်‌ေနထိုင်မှုအသစ်ကို စိမ်းသက်သက်ကြီး ခံစားနေရဆဲ။

သို့နှင့် နှစ်လတာကာလ လွန်မြောက်လာသောအခါ ရှီးဝူသွမ်းမှာ ပျင်းရိငြီးငွေ့လာတော့လေ၏။

ထိုရိပ်မြုံ၏ရှေ့တံခါးတွင်မူ စက်ဝိုင်းသဏ္ဍာန် အစီအရင်တစ်မျိုးဖြင့် ပိတ်ခတ်ထားသည်  ပေါ့ပေါ့ပါးပါးနေတတ်သော ကျန်းဟွာမှာ ဆန္ဒရှိလျှင် တောတောင်ရေမြေအနှံ့ သွားလိုရာ‌ေလျှာက်သွားတတ်သော်ငြား သူ့ရိပ်မြုံ၏ ငြိမ်းချမ်းငြိမ်သက်မှုကိုမူ အထူးအလေးထား၏။ သူ့ခြံဝန်းထဲတွင် အစီအရင်အရံအတားပေါင်း ဘယ်နှစ်ခုပင်ရှိမှန်း မည်သူကများ သိနိုင်ပါအံ့။ သူ မွေးထားသော တိရစ္ဆာန်အနည်းငယ်မှလွဲလျှင် တောင်ပေါ်ရှိ ကျန်‌ေသာတောရိုင်းသတ္တဝါများမှာ ကျန်းဟွာက မထိပါးကောင်းသော ရင်ဆိုင်ရခက်သူဖြစ်မှန်း အလိုလိုသိနေသောကြောင့် ဖဲခွာရှောင်ကြဥ်တတ်ကြ၏။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Hikayelerin yaşadığı yer. Şimdi keşfedin