အပိုင်း - ၃ ( ရာသက်ပန် )
ဒဏ္ဍာရီများအရ နဝမနတ်နန်းဝယ် အမတပုဂ္ဂိုလ်များ စံမြန်းနေထိုင်ကြသည်ဟု ဆို၏။ ထိုအမတပုဂ္ဂိုလ်များနှင့် ပတ်သက်သော ပုံပြင်ဇာတ်လမ်းများမှာ လူ့ပြည်လူ့ရွာကြား မြူပင်လယ်တမျှ ကျယ်ဝန်းများပြားလှ၏။ ဆင်းရဲသားယောက်ျားနှင့် ခိုးရာလိုက်ပြေးသွားသည့် နတ်မိမယ် ၊ ချစ်သူေမာင်နှံများကြား ချစ်ခြင်းလိုက်ခွဲတတ်ခြင်းဖြင့် အင်မတန်မှအလုပ်ရှုပ်ကြသော ဘုန်းကြီးနှင့် တောက်ဆရာကြီးများ၊ တစ်ခုနှင့်တစ်ခု ယှက်နွယ်ရှုပ်ထွေးနေသော ကြယ်စင်စုကြီးများ၊ ဩဇာအာဏာအတွက် ယှဥ်ပြိုင်တိုက်ခိုက်မှုများ စသဖြင့် ဇာတ်လမ်းများစွာရှိသော်ငြား ၊ စစ်မှန်ခိုင်ခံ့သော အထောက်အထားပြည့်စုံသော ဇာတ်လမ်းကိုသာ လိုချင်သည်ဟု တောင်းဆိုလိုက်ပါလျှင် ထိုအမတပုဂ္ဂိုလ်များနှင့် တကယ်တွေ့ဆုံဖူးပါသည်ဟု မည်သူကမျှ ရဲဝံ့စွာ ပြောနိုင်မည်မဟုတ်ပါ။
ထပ်ခါထပ်ခါကြားရမည့် စကားများမှာ "ငါ ကြားဖူးတာတော့...."၊ "ဘယ်တစ်ယောက် ပြောခဲ့တာတော့...."၊ "ဒါက ဒီဒေသသားတွေကြား ကျော်ကြားတဲ့...." စသည်တို့သာ ဖြစ်သည်။
ယင်ရှန့်ပြည် စတင်တည်ထောင်ခဲ့သော နှစ်ပေါင်းသုံးသောင်းကျော်ကာလတစ်လျှောက်လုံးတစ်ယောက်ယောက်က အမတပုဂ္ဂိုလ်ဖြစ်သွားကာ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်ဟူသော ဖြစ်ရပ်မျိုး မည်သူကမှ မကြားဖူးပါ။
လူများ သိပ်မမြင်ရသော အမတကျင့်စဥ်ကျင့်ကြံသူများကလည်း အလွန်ဆုံးရှိ " လွတ်လပ်ကြသည်၊ ပေါ့ပါးသော သက်မွေးမှုသာ ပြုကြသည်၊ လောကီအရေး၌ ဝင်မရှုပ်ကြ" ဟူသော ဂုဏ်သတင်းမျိုးသာ ရှိကြပါ၏။
ကျန်းဟွာစန်ရန်မှာ ကုန်သည်မိသားစုတစ်ခုမှ ဆင်းသက်လာသည်ဟု ကြားသည်။ လူချမ်းသာ ၊ လယ်ယာလုပ်သား၊ လက်မှုပညာရှင်နှင့် ကုန်သည်များဟူ၍ လူတန်းစားလေးမျိုးရှိကြသည့်အနက် ကုန်သည်များမှာ အောက်ဆုံးအလွှာမှဖြစ်ကာ သူတို့ထံတွင် ရွှေငွေများ တောင်ပုံရာပုံရှိသည့်တိုင် သူတို့၏ဘိုးဘေးများမှာ မျိုးရိုးမြင့်အနွယ်မှ မဟုတ်ကြပါ။ ထို့ကြောင့် ကျန်းဟွာစန်ရန်၏ ဖခင်မှာ ဂုဏ်သတင်းအတွက် အမြဲကြောင့်ကြနေတတ်ကာ အစိုးရများဆီသို့ မကြာခဏလှူဒါန်းခြင်းဖြင့် ငွေဖြုန်းတတ်သည်။ ထို့အပြင် သူ၏မျိုးဆက်ကိုလည်း စာပေများဖတ်ရှုလိုက်စားစေသည်၊ သိုင်းပညာ သင်ကြားစေသည်၊ ဘာသာရေးအဆုံးအမများအား လိုက်နာကျင့်ကြံစေခဲ့သည်။ နေရာအနှံ့မှ ကျော်ကြားသောဆရာများကိုလည်း ပင့်ဆောင်ပြီး သားဖြစ်သူအား ပညာသင်ယူစေခဲ့သည်။
VOUS LISEZ
ကြိုးငါးဆယ်တပ် ဗျပ်စောင်း
Fantasy"I was so good to you. I dug my heart out for you. So why don't you even look at me?" A dog-blood cultivation story about a human and a yao. Alright, fine . It's yao gong x human shou, hypocritical shou vs paranoid gong. Author : Priest Year : 2011...