အပိုင်း- ၂၀ ( ကျောက်စိမ်းကြိုးမျှင် )Note - Double update for today. Please make sure you read the previous chapter.( For ongoing readers )
ကျိုလုတောင်ထိပ်ဝယ် ညကြီးအလယ်ခေါင်ဖြစ်ေသာ်ငြား နေ့လယ်ခင်းပမာ မီးေရာင်များဖြင့် ထိန်လင်းနေ၏။ အစီရင်ခံချက်ကို ကြားရသည်နှင့် ပိထန်မှာ တစ်ဝက်ကျန်နေသေးသော သေရည်အိုးဖြင့် ပန့်ယာမျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်ကာ ဒေါသတကြီး ဆူငေါက်လာ၏။
"မင်း...မင်း တကယ် လက်လွန်သွားခဲ့တာပဲ"
ပန့်ယာက သူ့မျက်နှာပေါ်ရှိ သေရည်များအား သုတ်လိုက်ကာ မကျေမနပ်ဆိုလာသည်။
"ရှစ်ရှုန်း။ အဖြစ်ကဖြင့် ဒီထိ ရောက်လာပြီ၊ ရှစ်ရှုန်းက ကျွန်တော့်စကားကို မယုံသေးဘူးပေါ့"
ပိထန်က ပန့်ယာ၏ရင်ဘတ်အား လက်ညှိုးဖြင့် အားပါစွာ ထောက်ကာထောက်ကာ အော်လာသည်။
"မင်း လုပ်ခဲ့တဲ့လုပ်ရပ်က တခြားလူတွေဘက်ကနေ ငါတို့ဆီ လက်ညှိုးလာထိုးလို့ရေစတဲ့ လုပ်ရပ်ပဲ။ ငါတို့က ရက်စက်ပါတယ်၊ ရိုင်းစိုင်းပါတယ်၊ အငယ်လေးေတွကိုတောင် မစောင့်ရှောင်နိုင်ဘဲ တာဝန်လစ်ဟင်းတယ်လို့ ပြောကြမှာကွ"
ပန့်ယာက နောက်သို့ ခြေလှမ်းတစ်ဝက် ဆုတ်လိုက်၏။
"ရှစ်ရှူန်း ၊ ဆုံးဖြတ်ချက်တစ်ခုခု ချရမယ့်အချိန် ရောက်လာပြီ။ အသင်က သိပ်ကို စိတ်ပျော့လွန်းပါတယ်"
ပိထန်မှာ ဒေါသအရှိန်ကြောင့် အသားတဆတ်ဆတ်တုန်ယင်နေ၏။
"သူက ငယ်သေး - "
"ဟားဟား!!!!"
ပန့်ယာ ရယ်မိသွား၏။
"ဟုတ်တယ်၊ အဲ့ကောင်စုတ်က ငယ်နေသေးတယ်။ ငယ်နေသေးတာတောငါ ဟန်ဆောင်ပန်ဆောင် လိမ်ညာတတ်သေးတယ်။ အသင် ဒီလောက်သတိထားနေတဲ့ကြား ဘာကြောင့် ဒါတွေဖြစ်ပျက်လာတာလဲလို့သာ စဉ်းစားကြည့်လေ။ ရှစ်ရှုန်းက သူ့ကို ဆန်ကုန်မြေလေးဖြစ်လာအောင်တောင် မလုပ်နိုင်ခဲ့ဘူး။ သူက ကျုပ်တို့ရဲ့ခေါင်းဆောင်တပည့်တွေကို ထောင်ချောက်ဆင်ဖို့ လက်မတစ်ေချာင်းစာ သွေးဖယောင်းအစီအရင်ကိုတောင် သုံးသွားတာ၊ သိရဲ့လား!!!!"
ESTÁS LEYENDO
ကြိုးငါးဆယ်တပ် ဗျပ်စောင်း
Fantasía"I was so good to you. I dug my heart out for you. So why don't you even look at me?" A dog-blood cultivation story about a human and a yao. Alright, fine . It's yao gong x human shou, hypocritical shou vs paranoid gong. Author : Priest Year : 2011...