အပိုင်း - ၁၄ ( အံ့ဩထိတ်လန့်ဖွယ် အခြေအနေ )
ရှီးဝူသွမ်းမှာ ချန်ယွင်တောင်ကြားတွင် ဘာဖြစ်သွားခဲ့မှန်း မသိလိုက်ပါ။ သူ ပြနါနိုးလာသောအခါ မိုးပင်ချုပ်နေလေပြီ။
မျက်လုံးဖွင့်ဖွင့်ချင်း သူ ပထမဆုံးမြင်လိုက်ရသောအရာမှာ ရွှံ့များေပပွေနသည့် တုန်ယင်ေနေသာ အမွေးလုံးတစ်လံုးသာ ဖြစ်သည်။ ဆွေ့ဖျင်ရှန်းဘေးနားတွင် ၎င်းထက်ပို၍ ချစ်စရာကောင်းသော သတ္တဝါတစ်ကောင်ရှိနေေပ၏။
တောက်ပမည်းနက်နေသော ထိုမျက်လုံးများနှင့် အမွေးပွဖြူဖြူလံုးလံုးများအား မြင်လိုက်ရသောအခါ ရှုပ်ထွေးနေသော ရှီးဝူသွမ်း၏ စိတ်မှာ ၎င်းက ပိုင်လီ၏ နဂိုမူလရုပ်သွင်ဖြစ်ရမည်ဟု တွေးပြီး အပြုံးမရပ်နိုင်ခဲ့။ အာ ၊ ရှောင်လီကျီအား ထိုမြူခိုးနက်ကြီး ယူမသွားသေးပါတကား။
သို့သော် သူ၏အမြင်အာရုံ ပြန်လညါကြည်လင်လာသောအခါ ညစ်ပတ်ပေပွနေသော ထိုအမွေးလုံးမှာ ယုန်တစ်ကောင်သာဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုယုန်မှာ ကျင့်ကြံမှုအစွမ်း အနည်းငယ်ရှိဟန်ရ၏။ ပထမတစ်ချက်ကြည့်လိုက်လျှင် ဝဝဖြိုးဖြိုးလေးဟု ထင်ရကာ အခြားယုန်များထက် အဆီအသားပိုများသည်ဟု ထင်ရ၏။ ၎င်းမှာ အတော်လေးတုံးအကာ ခံစားသိရှိတတ်သည့်ဟန် ရပေသည်။ များပြားလှသော အဆီနှင့်အသားတုံးများကြောင့် ထိုယုန်၏ခေါင်းမှာ သူ့ခန္ဓာကိုယ်နှင့် ပိုသေးနေဟန်ရ၏။ မသိနားမလည်ပါဘဲ ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြား လျှောက်ပြေးလာခဲ့ရာမှ သူ့ဆီ ရောက်လာခြင်း ဖြစ်ရပေမည်။ ဤလုလင်ပျိုထံတွင် အစွမ်းထက်မှော်လက်နက်ရှိသဖြင့် ကာကွယ်စောင့်ရှောက်မှု လာရောက်တောင်းခံခြင်း ဖြစ်တန်ရာသည်။ သို့သော် နက္ခတ်ကြယ်စင်ဇယားခွင်အနား တိုးကပ်သွားပါက ကြောက်စရာအရှိန်အဝါတစ်မျိုး ထွက်လာသဖြင့် ယုန်ငယ်လေးမှာ လုံးဝ အနားမသီရဲ။ ထို့ကြောင့် ကူရာကယ်ရာမဲ့စွာပင် အမွေးလုံးလေးအဖြစ် ခွေေခွေလးနေကာ တုန်ယင်ေကြာက်ရွံ့နေခဲ့ခြင်း ဖြစ်၏။
ပုံမှန်ဆိုလျှင် ၎င်းအား ရှီးဝူသွမ်း စနောက်ကျီစယ်ဖြစ်မည် မှန်သော်ငြား၊ ယခုတွင်တော့ မနည်းထထိုင်ရကာ ဆံချည်ကြိုးကိုသာ စိုက်ကြည့်နေမိသည်။ ပိုင်လီ ပျောက်ကွယ်သွားသော ဂူအဝအား လှမ်းကြည့်လိုက်သောအခါ ရင်ထဲတွင်လည်း ဗလာကျင်းသွားလျက်။
DU LIEST GERADE
ကြိုးငါးဆယ်တပ် ဗျပ်စောင်း
Fantasy"I was so good to you. I dug my heart out for you. So why don't you even look at me?" A dog-blood cultivation story about a human and a yao. Alright, fine . It's yao gong x human shou, hypocritical shou vs paranoid gong. Author : Priest Year : 2011...