အခန်း - ၂၇ ( အရိပ် )

1.5K 273 13
                                    

အခန်း - ၂၇ ( အရိပ် )

ထိုနေရာအတွင်းသို့ ရှီးဝူသွမ်း ဝင်သွားမည်အလုပ်၊ ပိုင်လီက သူ့ပုခုံးအား လှမ်းကိုင်ထားကာ မာန်ဖီလာ၏။

"မင်း ဘာသွားလုပ်ဖို့ စိတ်ကူးနေတာလဲ"

ရှီးဝူသွမ်းက ဝမ်းလျိုရှန်း၏ အဝင်ဝအောက် ရပ်နေရင်း  နက်နက်နဲနဲ တွေးလိုက်၏။

"မင်း ပျော်လို့ရအောင် ခေါ်လာတာလေ။ အစ်ကိုကြီးပေးထားတဲ့ တာဝန်ကိုလည်း ငါ ပြီးအောင်လုပ်ရဦးမယ်။ ပြီးတော့ သူတို့က ဟင်းအချက်တော်တယ်ကြားတာမို့ အစားအသောက် မြည်းကြည့်လို့လည်း ရမလားလို့လေ။ ကောင်းတယ်ဆိုရင် မနက်စာပါ ချက်ပြီး လာပို့ပေးပါ ပြောရမယ် "

ပိုင်လီမှာ ဒေါသလုံးကြီး လှိုက်တက်လာသည်ဟု ခံစားလိုက်ရကာ နှုတ်ခမ်းသားများပင် ဖြူဆုတ်လာ၏။ သို့သော် ရှီးဝူသွမ်းက အရိပ်အကဲနားမလည်သည့်အပြင် တစ်ခုခုမြင်လိုက်သည့်တိုင် ကန်းချင်ယောင်ဆောင် လုပ်နေတတ်သည်။ ထို့နောက် ပိုင်လီလည်း မငြင်းဆန်‌ေတာ့ပါဘဲ သူ ဆွဲခေါ်သည့်အတိုင်းသာ လိုက်လာခဲ့၏။

ဝမ်းလျိုရှန်းမှာ နာမည်အားဖြင့် ရိုးသော်ငြား စီးပွားရေးပိုင်း တိုးတက်အောင်မြင်သည်။ တံခါးဝမှ ဧည့်သည်ဝင်လာသည်နှင့် တစ်ဖက်လူ၏ ရုပ်ရည်သွင်ပြင်နှင့် ဝတ်စားဆင်ယင်ပုံကို ကြည့်ကာ အခြေအနေ အဆင့်အတန်းအား ခန့်မှန်းနိုင်သည်။ ဤသို့သောအလုပ်မျိုး၌ လုပ်ဖော်ကိုင်ဖက်သည်လည်း ပြိုင်ဘက်များဖြစ်ကြရာ ညှို့ယူဖမ်းစားသောအကြည့်များဖြင့် ကြည့်လာသော မိန်းမပျိုများ ရှိသလို ညုတုတု ကလူကျီစယ်လာသော မိန်းမလှများလည်း ရှိ၏။ ထို့ကြောင့် ဝင်လာသည့် ယောက်ျားနှစ်‌ေယာက်ဆီ အမြန်ပင် ဝိုင်းအုံသွားကြကာ ရှေ့တိုးနောက်ငင် ဆွဲရင်းယမ်းရင်း ဘေးနားကတခြားမိန်းမထံ ပါမသွားစေရန် ကြိုးစား‌ေနကြသည်။

ရှီးဝူသွမ်းမှာ ပိုင်လီ၏လက်ကို ချက်ချင်းလွှတ်ချလိုက်ကာသည်။ ထို့နောက် အသံအကျယ်ကြီးနှင့် နှာချေနေလို့။

နှာချေပြီးသွားသောအခါ သူ့အင်္ကျီလက်အား ဆွဲကိုင်ထားသည့် ရှက်သွေးဖြာနေသော မိန်းမလှလေးအား ပြုံးပြလိုက်သည်။ သူမလည်း ချက်ချင်းပင် ချိုမြိန်နူးညံ့သောအသွင် ပြန်ဖြစ်သွားကာ ရှီးဝူသွမ်းအနား ပို၍တိုးကပ်လာ၏။ သို့သော် ပန်းနံ့ထုံသင်းနေသော အမွှေးနံ့‌ေကြာင့် နှာမွှန်လာသောအခါ ရှီးဝူသွမ်း၏နှာခေါင်းထဲ ယားကျိကျိ ထပိဖြစ်လာ၏။ ထို့နောက် နောက်ဆုတ်လိုက်ကာ နှစ်ခါဆက်တိုက် နှာထပ်ချေသွားပြီး မျက်ရည်ပါဝဲ‌ေနလို့ ။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Nơi câu chuyện tồn tại. Hãy khám phá bây giờ