Chapter 15
ဖုယွမ်ချွမ်းဘောလုံးလေးများကို ငါးကန်ထဲထည့်ကာ “မင်းက လေ့ကျင့်ခန်းလုပ်ရတာ မကြိုက်ဘူးမလား… ဒါလေးတွေက ငါးကန်ထဲထည့်ရတာလေးတွေလေ… လှုပ်လှုပ်ရှားရှား ဒါလေးတွေနဲ့ ဆော့ပေါ့…”
ထိုသို့ကစားခြင်းကိုလည်း လေ့ကျင့်ခန်းဟု မှတ်ယူနိုင်သည်။ ၎င်းက လုံလုံလောက်လောက် မပြင်းထန်သော်ငြားလည်း ဘာမှမလုပ်သည့်စာရင်တော့ ကောင်းသေး၏။
ဘောလုံးလေးများမှာ အောက်ထိမမြှုပ်သွားဘဲ ရေထဲတွင် ပေါလောပေါ်နေ၏။ဖုယွမ်ချွမ်းတစ်ခုသာထည့်သော်လည်း ဝယ်လာသည်မှာ အများကြီးဖြစ်နေရသည့် အကြောင်းရင်းမှာ ရေသူလေး၏ ဖျက်ဆီးနိုင်စွမ်းကို သိနေေသောကြောင့်ဖြစ်သည်။ ကျန်ဘောလုံးလေးများမှာ အရံဖြစ်သည်။
ကျွင်းချင်ယွီ ငါးခြောက်စားပြီးသောအခါ ဖုယွမ်ချွမ်း သူ့လက်ထဲမှ ညှပ်ကို ယူလိူက်၏။
ဖုယွမ်ချွမ်း ဆေးဆက်လိမ်းကာ ပြန်သိမ်းရန်ပြင်နေစဉ် ကျွင်းချင်ယွီ သူ့လက်ကို ထုတ်လိုက်၏။
"အာ…" ကျွင်းချင်ယွီ လက်ကိုမြှောက်ကာ လက်ဖဝါးကို ဖုယွမ်ချွမ်း မြင်အောင်ပြနေ၏။
“ပြီးသွားပြီ…”.
ရေသူလေး၏ ခံနိုင်ရည်စွမ်းမှာ လူတစ်ယောက်ထက်အဆပေါင်းများစွာ သာလွန်၏။
လက်တွင် အပေါက်များရှိနေခဲ့သော်လည်း ယခုအခါ အရာတောင်မမြင်ရတော့ချေ။
လက်မှ ဒဏ်ရာများ ပျောက်သွားသည်ကို မြင်ရသောအခါ ဖုယွမ်ချွမ်း "သွားကစားတော့လေ…"ဟုပြောလိုက်၏။
ကျွင်းချင်ယွီကမူ ဖုယွမ်ချွမ်း စားပွဲတွင်ထိုင်နေသည်ကို ကြည့်နေ၏။
သူ ထိုနေရာသို့သွားချင်သော်လည်း စာအနည်းငယ်ဖတ်လိုက်လျှင် ပျင်းလာမည်ကို သိနေ၏။ အနည်းငယ်ဒွိဟဖြစ်ပြီးနောက် ငါးကန်ထဲမှသာ ဖုယွမ်ချွမ်း ကိုကြည့်နေရန် ဆုံးဖြတ်လိုက်သည်။
ကျွင်းချင်ယွီ လက်လှမ်းကာ ဘောလုံးလေးကိုဖက်လိုက်၏။
ကစားနေခြင်းမဟုတ်ဘဲ မှီနေခြင်းသာဖြစ်သည်။