Chapter 88
စုးရှသောအသံနှင့် အော်ဟစ်သံများရောနှောသွားလေသည်။ ထို့အတူ အဝတ်များစုတ်ပြဲသံလည်း ထွက်ပေါ်လာ၏။
ဖုယွမ်ချွမ်းက ပြောင်းလဲသွားသည့်လူအား အေးစက်စက်ကြည့်နေသော်လည်း မျက်နှာအမူအယာမှာ အနည်းငယ်ပင်မပြောင်းလဲသွားခဲ့ချေ။ သူ၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုရိပ်များ အထင်းသားထွက်ပေါ်နေသည်။
ထိုစဥ် နားရွက်များထံမှနွေးထွေးမှုကြောင့် ဖုယွမ်ချွမ်းကြောင်အသွားသည်။ သူငုံ့ကြည့်လိုက်သည့်အခါ ရေသူလေး၏ရွှေအိုရောင်ဖျော့ဖျော့ဆံနွယ်များကို တွေ့လိုက်ရလေသည်။ ဖုယွမ်ချွမ်း၏မျက်နှာအမူအယာက ပြန်လည်နူးညံ့လာ၏။
စူးရှသောအသံများက မပျောက်ကွယ်သေးသော်လည်း တဖြည်းဖြည်းလျော့နည်းလာသည်။
မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာသော်လည်း အားလုံးက ထိတ်လန့်မှုမပြယ်သေးပဲ ရှိနေကြ၏။
ထိုစဥ် တစ်စုံတစ်ဦးက အသက်ပြင်းပြင်းရှူလိုက်ကာ အရှေ့ဘက်သို့ညွှန်ပြရင်း အော်ဟစ်လိုက်သည်။
"ကြည့်စမ်း..."
"ဒါက..."
"ဘာဖြစ်နေတာလဲ...အဲ့ဒီ့ဇာ့ဂ်ကဘယ်ကနေရောက်လာတာလဲ..."
ကျွင်းချင်ယွီ ထိုအသံများကြောင့် ဖုယွမ်ချွမ်း၏ပွေ့ဖက်မှုကြားမှ တစ်ချက်ခိုးကြည့်လိုက်သည်။
မူလက အင်ပါယာခေါင်းဆောင်ရပ်နေခဲ့သောနေရာတွင် စုတ်ပြဲနေသောပိုးသားစများရှိနေကာ အနက်ရောင်ဇာ့ဂ်တစ်ကောင်သာ လဲလျောင်းနေ၏။
ဇာ့ဂ်ကအလွန်အားနည်းနေပုံရကာ စောစောကစူးရှသောအော်သံကြောင့် ထိခိုက်သွားခဲ့ပုံပေါ်သည်။ မြေပြင်တွင် လှုပ်ရှားမှုစိုးစဥ်းမျှမရှိပဲလဲလျောင်းလျက်ရှိပြီး အသက်ရှင်နေကြောင်းပြယုဂ်အဖြစ် ညည်းညူသံအနည်းငယ်ထွက်ပေါ်နေသည်။
အင်ပါယာခေါင်းဆောင်က လူမြင်ကွင်းတွင် ဇာ့ဂ်တစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့သည်။
ကျွင်းချင်ယွီ၏နှလုံးသားက အခုမှစိတ်သက်သာရာရသွား၏။ ဖုယွမ်ချွမ်းအနေဖြင့် ဗီဒီယိုတစ်ခုထဲကိုအားကိုး၍ အင်ပါယာခေါင်းဆောင်အားဆွဲချရန် မဖြစ်နိုင်ချေ။