Big boss ကြီးရဲ့ရေသူလေး

1.4K 159 0
                                    

Chapter 80

"ကိုယ်အနာဂါတ်မှာ တတ်နိုင်သမျှအပြင်မသွားပဲ၊ အစည်းအဝေးရှိရင်လည်းဗီဒီယိုကောနဲ့ပဲ စီစဥ်လိုက်တော့မယ်"

ကျွင်းချင်ယွီခေါင်းငြိမ့်လိုက်ပြန်သည်၊၊ ပြီးတော့မှ တစ်ခုခုကိုသတိထားမိဟန်အံ့အားသင့်စွာမော့ကြည့်လာခဲ့သည်။

"ခင်များ"

ဖုယွမ်ချွမ်းလည်းရှောင်ယွီ၏ဆံပင်တို့ကိုလက်ချောင်းလေးများဖြင့်ဖြီးသင်ပေးကာ ကြိုးလေးဖြင့်စည်းနှောင်ပေးလိုက်သည်။

"ကိုယ်မင်းနဲ့နေပေးမယ်၊ဒါကြောင့်နောက်ကျတဲ့အထိမအိပ်ပဲမနေရဘူး"

ဖုယွမ်ချွမ်းကိုကြည့်လျက်ကျွင်းချင်ယွီထရပ်လိုက်သည်။ သူ၏ကိုယ်ပေါ်မှစောင်ပါးလေးကအောက်သို့ပုံကျသွားသည့်တိုင်ဂရုမစိုက်ချေ။ သူ့ကိုယ်သူဖုယွမ်ချွမ်း၏ရင်ခွင်ထဲသို့တိုး၀င်လျက်မေးလိုက်သည်။

"ခင်များနောက်ကျတဲ့အထိမနေတော့မှာသေချာလား"

ဖုယွမ်ချွမ်းကငါးကလေးကိုထိန်းဖက်လိုက်ကာ အမ်းဟုအသံပြုလိုက်သည်။

ကျွင်းချင်ယွီသည်သူ့နားသို့ကပ်ကာလေဖြင့်မှုတ်ထုတ်လိုက်ပြီး "တကယ်လားဟင်"

"..."

ဖုယွမ်ချွမ်း၏တောင့်ခဲနေသောအမူအယာကိုမြင်လျှင် ရယ်လိုက်ပြီးလွှတ်ပေးလိုက်သည်။

"ဒါဆိုလည်းကျွန်တော်ကနောက်ကျတဲ့ထိမနေတော့ပဲ အချိန်မှန်အိပ်ယာ၀င်ရမှာပေါ့၊ ဒီညနောက်ကျတာနောက်ဆုံးပါ၊ ကျွန်တော်ကိုယ်တိုင်သတင်းကိုစောင့်ကြည့်ချင်လို့"

သို့သော်ကျွင်းချင်ယွီသည်သူ၏ခါးမှာဆုပ်ကိုင်ခံလိုက်ရသည်ကိုရုတ်ချည်းခံစားလိုက်ရသည်။ ဖုယွမ်ချွမ်း၏မျက်လုံးတို့ကသူ့အားစူးစူးနစ်နစ်ကြည့်လျက် ၊ ကျွင်းချင်ယွီမျက်လုံးလေးပုတ်ခတ်လျက်မေးလိုက်သည်။

"ဘာဖြစ်လို့လဲဟင်"

"ခုထိစောသေးတယ်" ဖုယွမ်ချွမ်းက တည်ငြိမ်စွာပင် စားပွဲပေါ်မှအလှဆင်ပစ္စည်းများကိုဘေးဖယ်ပစ်လိုက်ကာ ငါးကလေးကိုစားပွဲပေါ်သို့တင်လိုက်သည်။

Big boss ကြီးရဲ့ရေသူလေးWhere stories live. Discover now