Chapter 73
ကျွင်းချင်ယွီပေါ့ပါးစွာဆိုလိုက်သည်။
"ငါ့ကိုကာကွယ်ပေးဖို့မလိုဘူး"
ရှီခိုင်ရှင်းကလက်မလျော့ချေ၊
"ဒါပေမယ့်မဒမ်ရယ်၊ လောလောဆည်အခြေအနေကမတူဘူးလေ၊ လူများများပါလေအန္တရာယ်ကင်းလေးပဲ"
"မလိုဘူး"
"မာရှယ်အတွက်မပူပါနဲ့ မဒမ်ရဲ့၊ ကျွန်တော်တို့လူနည်းစုလောက်ပဲ ဒီမှာကျန်ခဲ့တာပါ"
ကျွင်းချင်ယွီကသူ့အားလျစ်လျူရှုလိုက်ပြီး လျှောက်သွားခဲ့သည်။
မိုးပျံယာဥ်ထဲမှလူများကလိုက်ရန်ပြင်လိုက်သည်၊ သူတို့မှာ ကျွင်းချင်ယွီနောက်လိုက်ရုံအပြင်ဘာလုပ်ရမှန်းမသိကြရှာပေ၊၊
ကျွင်းချင်ယွီမှာသူ့ဘာသူထွက်သွားလုဆဲဆဲဖြစ်သည်ကိုမြင်လျှင် ရှီခိုင်ရှင်းလည်း အံကြိတ်လျက် သူ့ရှေ့တွင်ရပ်ကာ လက်ကိုဆန့်လျက်ပေါ်လိုက်သည်။
"ရပ်လိုက်"
ကျွင်းချင်ယွီလည်းတန့်သွားပြီး သူ့ရှေ့မှ ရှီခိုင်ရှင်းအားမျက်ခုံးပင့်လျက်ကြည့်လိုက်သည်။
ဒါကဘာသဘောလဲ
"မဒမ် ကျွန်တော်တို့ကို မဒမ်ကိုလိုက်ပို့ဖို့ မာရှယ်ကအမိန့်ပေးထားတာပါ၊"
ရှီခိုင်ရှင်းကကျန်လူများကိုလှည့်ကြည့်လိုက်ပြီးရှေ့တက်ရန်အချက်ပြလိုက်သည်။
သူတို့ရှေ့တက်လာပြီး ကျွင်းချင်ယွီအားဖြည်းညင်းစွာဝိုင်းလိုက်ကြတော့သည်။
ထို့နောက်ရှီခိုင်ရှင်းကခိုင်မာစွာဆိုလာသည်။
"ဒီမှာလူတွေအများကြီးပဲ၊ ကျွန်တော့်ကိုတွန်းအားမပေးပါနဲ့"
ဤသည်ကိုမြင်လျှင် ကျွင်းချင်ယွီလည်း အင်္ကျီလက်ကိုခေါက်တင်လိုက်ပြီး တိုက်ခိုက်ရန်အသင့်ပြင်လိုက်သည်။
သို့သော် ရှီခိုင်ရှင်းကမူ တိုက်ခိုက်ရန်ရည်ရွယ်ချက်လုံး၀ရှိပုံမပေါ်ချေ။
"ကျွန်တော် ဒူးထောက်ပြီး မဒမ်ပေါင့်ကိုဖက်ပြီးတောင်းပန်ရအောင်မလုပ်ပါနဲ့ ကျွန်တော်လိုက်ပို့ပါရစေလို့ မဟုတ်ရင်ငိုမှာနော်"