Chapter 142
ခေတ်ဟောင်းစတိုင် ကျောက်မီးသွေး အကင်ဖိုက ကျောက်မီးသွေးများမီးတောက်အောင် အချိန်အတော်ယူရသည်။ စောစောစီးစီးမပြင်ဆင်လျှင် ညစာအမှီပင်ရဖို့မလွယ်ချေ။
ကျွင်းချင်ယွီကတုန့်ပြန်လိုက်သည်။ "အိုကေ"
ဖုယွမ်ချွမ်းလည်းရှောင်ယွီ၏ဆံပင်လေးကိုသပ်လျက်ဆိုသည်။
"ဘေးပတ်၀န်းကျင်ကိုလည်းဂရုစိုက်နော်၊ အန္တရာယ်ရှိရင်ပြေးဖို့မမေ့နဲ့"
ငါးကလေးရေကူးအလျင်မှာ လက်ရှိကြယ်တာရာခေတ်မှတ်တမ်းများတွင်အမြန်ဆုံးဖြစ်သည်။ အထူးသဖြင့်အရွယ်ရောက်နှင့်ပြီးရေသူတစ်ကောင်၏ရေကူးအလျင်ဆိုလျှင်စာဖွဲ့နေစရာပင်မလိုချေ။
ကျွင်းချင်ယွီနာခံစွာခေါင်းငြိမ့်လိုက်သည်။
ဖုယွမ်ချွမ်းလည်းဘာဘီကျူးပြင်ဆင်ရန်ပြန်သွားကာကျွင်းချင်ယွီလည်းရေတိမ်စပ်နားအထိသူ့အား ပြန်လိုက်ပို့လေသည်။
ထို့နောင်ရေလှိုင်းများနောက်လိုက်၍ ရေထဲပြန်ဆင်းသွားခဲ့သည်။
၄င်းကိုမြင်လျှင် ဖုယွမ်ချွမ်းလည်းအကင်ဖိုအား ကမ်းစပ်သို့ရွေ့လျက် လှိုင်းမမီနိုင်လောက်သောအကွာအေ၀းလောက်တွင်နေရာချလိုက်သည်။ သို့ဆိုလျှင်သူနှင့်ရေသူလေးနှင့်ပိုနီးသွားလိမ့်မည်။
ကျွင်းချင်ယွီကရေလှိူင်းနှင့်ပြန်ပါလာပြီးဖုယွမ်ချွမ်းကိုမြင်လျှင် ရေလှိုင်းနောက်လိုက်မစီးတော့ချေ၊
သူကအကြံဆိုးလေးတစ်ခုထုတ်လိုက်သည်။
ငါးကလေးကမလှုပ်တော့သည်ကိုမြင်လျှင်ဖုယွမ်ချွမ်းလည်း သူ့ထံလျှောက်သွားလျက်ကမ်းစပ်မှငါးကလေးကိုပွေ့ချီလိုက်ကာ "ရေနက်ထဲသွားဆော့လေ"
သို့ဆိုလျှင်လှိုင်းပုတ်ဒဏ်ကိုခံရတော့မည်မဟုတ်
"အင်း"
ကျွင်းချင်ယွီကခေါင်းငြိမ့်လိုက်သော်လည်း ရေထဲဆင်းမသွားခဲ့ပါချေ။ထိုအစား ဖုယွမ်ချွမ်းအကင်ဖိုသို့ပြန်သွားသည်နှင့်ယခင်အတိုင်း ရေလှိုင်းနှင့်အတူ ကမ်းစပ်သို့ပြန်ပါလာခဲ့သည်။