Big boss ကြီးရဲ့ရေသူလေး

1.4K 145 0
                                    

Chapter 83

ဖုယွမ်ချွမ်းက ရေသူလေး၏ဆံပင်ကိုစည်းနှောင်နေရင်း ပြောလိုက်သည်။ “လက်ဆေးရအောင်...ပြီးရင်အိမ်ပြန်ကြမယ်...”

“ကောင်းပြီလေ...”

ညအခါ...

ကျွင်းချင်ယွီက ပြတင်းပေါက်နားရှိဆိုဖာပေါ်တွင် ထိုင်နေသည်။ သူ၏ဥာဏ်ရည်တုက တစ်ချက်တစ်ချက်လင်းလာ၏။

ဖုယွမ်ချွမ်း အစည်းအဝေးလုပ်နေသည်မှာ သုံးနာရီကြာပြီဖြစ်သည်။ အစည်းအဝေးအကြောင်းအရာက သစ်သီးနှင့်ဟင်းသီးဟင်းရွက်များ၏ ကိစ္စဖြစ်လေသည်။ ကျွင်းချင်ယွီက ထိုအစည်းအဝေးတွင်ပါဝင်သင့်သော်လည်း အခြားမာရှယ်များပါဝင်သဖြင့် မတက်ရောက်တော့ခြင်းဖြစ်သည်။

ကျွင်းချင်ယွီက ဥာဏ်ရည်တုအားချကာ လှေကားထိပ်သို့လျှောက်သွားခဲ့သည်။ အစည်းအဝေးကကြာဦးမှာဖြစ်ရာ ဖုယွမ်ချွမ်းစားရန် တစ်ခုခုပြင်ပေးဖို့စဥ်းစားလိုက်သည်။

ညဥ့်နက်အထိအလုပ်လုပ်ခြင်းက ပင်ပန်းသည့်ကိစ္စဖြစ်ရာ အာဟာရရှိသောအရာတစ်ခုခု စားသောက်သင့်လေသည်။

ကျွင်းချင်ယွီက ရေခဲသေတ္တာထဲမှကြက်သားကိုယူကာ စွပ်ပြုတ်ချက်ပေးရန် ဆုံးဖြတ်လိုက်သည်။

သူက အရင်ဆုံးကြက်သားကိုရေဆေးလိုက်၏။ ထို့နောက် ရေဆူအောင်တည်ကာ ကြက်သားနှင့်ဟင်းခတ်မှုန့်များကို နှံ့စပ်အောင်ရောပြုတ်လိုက်သည်။ ထို့နောက် အဖုံးပိတ်ထားလိုက်၏။

ကြက်စွပ်ပြုတ်အတွက် အထူးပြုလုပ်ထားသောအိုးက အရည်အသွေးမြင့်မားလှရာ ကြက်သား၏အလွှာတစ်ခုချင်းစီကို နူးညံ့သွားစေပြီး အရိုးနှင့်အသားကိုသက်သက်စီဖြစ်သွားစေ၏။ နာရီဝက်ကြာပြုတ်ပြီးသည့်နောက် ကျွင်းချင်ယွီက ဆားအနည်းငယ်ထပ်ဖြူးလိုက်ကာ အရသာရှိသောကြက်စွပ်ပြုတ်တစ်ပွဲ ဖြစ်ပေါ်လာလေသည်။

ထို့နောက် ပေါင်မုန့်အနည်းငယ်လှီးကာ အသားနှင့်အသီးအရွက်အချို့အစာသွပ်ပြီး ဆန်းဒွစ်ချ်ထပ်လုပ်လိုက်၏။ ကျွင်းချင်ယွီက အသီးအနည်းငယ်ပို၍ ပြင်ဆင်ထားလိုက်သည်။

Big boss ကြီးရဲ့ရေသူလေးDonde viven las historias. Descúbrelo ahora