Chapter 90
Chapter 90February 25, 2023ကျွင်းချင်ယွီက ထိုအကြောင်းအရာများအား အခြားလူတစ်ဦး၏ဇာတ်လမ်းကဲ့သို့ ပြောပြနေသည့် ဖုယွမ်ချွမ်း အသံကို ဂရုတစိုက်နားစွင့်နေခဲ့သည်။
မည်သို့ပင်ဆိုစေ ဖုယွမ်ချွမ်း ထိုကိစ္စများနှင့်ပတ်သတ်၍ ဘာကိုမှမခံစားရခြင်းမဟုတ်ကြောင်း သူခံစား၍ရသည်။
“ဖုချန်းယွီပြန်လာတဲ့အခါ သူ့ပုံစံက ကိုယ့်အဖေနဲ့တစ်ထေရာတည်းတူနေခဲ့တယ်....”
ကျွင်းချင်ယွီ အံ့သြမှုကြောင့်တုန်လှုပ်သွားသည်။ ဖုချန်းယွီ၏ပင်ကိုယ်စရိုက်က မူမှန်ခြင်းအလျဥ်းမရှိချေ။ အစတွင်အတုခိုးရာမှ ပလတ်စတစ်ဆာဂျရီလုပ်ရသည်အထိပင် ရောက်သွားခြင်းဖြစ်သည်။ ဖုယွမ်ချွမ်းအဖိုး၏ ချီးကျူးမှုကိုရယူလိုသည့်အတွက် ဤသို့သောလုပ်ရပ်ကိုလုပ်ရသည်အထိ အစွန်းရောက်ခဲ့ဟန်တူ၏။
“မကြာခင်မှာပဲ အင်ပါယာနဲ့ တော်လှန်ရေးတပ်သားတွေအကြား စစ်မက်ဖြစ်ပွားခဲ့တယ်...ဖုချန်းယွီက တော်လှန်ရေးစစ်တပ်ကို ပင်မကြယ်အထိဦးဆောင်လာခဲ့ပြီးတော့ လူအမြောက်အများကိုသတ်ဖြတ်ခဲ့တယ်လေ...သူက စစ်ပွဲတစ်လျှောက်လုံးပေါ်မလာပေမယ့် စစ်ပွဲအဆုံးသတ်တဲ့အခါကျမှ အင်ပါယာဇီဝဗေဒသုတေသနအဖွဲ့အစည်းကို ချုပ်ကိုင်ရင်း ကိုယ့်အဖေအယောင်ဆောင်လိုက်ပြီးတော့ အင်ပါယာခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့တာ...”
“ကိုယ့်အဖေကိုသိတဲ့လူအားလုံး စစ်ပွဲထဲမှာကျဆုံးခဲ့ရတယ်...”
“ကိုယ့်ခန့်မှန်းချက်အရ ဖုချန်းယွီက တော်လှန်ရေးတပ်ဖွဲ့ကရာထူးကြီးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ သွေးသားရင်းချာဖြစ်ပုံပဲ...မဟုတ်ရင် တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ အင်ပါယာကိုသိမ်းယူနိုင်တဲ့အခြေအနေကိုရောက်ကာမှ ဖုချန်းယွီကို အင်ပါယာခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့သက်သက်နဲ့ လက်နက်ချဖို့ရွေးချယ်မှာမဟုတ်လောက်ဘူး...”
“အရင်ကတော့ အင်ပါယာခေါင်းဆောင်ကသာ ဧကရာဇ်ဖြစ်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ရဲ့သဘောထားကြောင့် စည်းမျဥ်းကိုပြောင်းလဲခဲ့တယ်...”