Chapter 16
သူ့ဘာသာသူ မဆော့ချင်ပေ ။ သူ ဖုယွမ်ချွမ်း၏ လက်နားတွင် လဲလျောင်းနေလိုက်သည်။
အမြီးဖျားလေးမှာ ဖုယွမ်ချွမ်း၏လက်ကောက်ဝတ်နားတွင် ရစ်ပတ်လျက်ရှိသည်။
ရေသူလေး သူ့လက်ကို ဖက်လိုက်ပြီး ပြုံးလိုက်သည်။ ငါ့ကို မင်းနဲ့အတူ ခေါ်သွားလို့ရပါတယ်။
ထိုပုံစံလေးကို မြင်သော ဖုယွမ်ချွမ်းမှာ ရေသူလေးကို ပုခုံးပေါ်တွင် တင်လိုက်သည်။ ဖုယွမ်ချွမ်း ထလိုက်သောအခါ စားပွဲပေါ်မှ အသီးအရွက်ဖျော်ရည်ကို ညွှန်ပြကာ "အာ…" ဟုအသံပြုလိုက်၏။
ဖုယွမ်ချွမ်း ခဏရပ်ကာ အသီးအရွက်ဖျော်ရည်နှစ်ခွက်ကို ယူလိုက်ပြီး ကွန်ပျူတာစားပွဲတွင်ထိုင်လိုက်၏။
ကျွင်းချင်ယွီ ခွက်အသေးလေးကိုယူကာ ဖုယွမ်ချွမ်းအလုပ်လုပ်နေသည်ကို ကြည့်ရင်းသောက်နေသည်။
အချိန်တစ်ခုအထိ အိမ်ထဲတွင်ကြားရသော တစ်ခုတည်းသော အသံမှာ ကီးဘုတ်တွင် စာရိုက်သံသာ ကျန်တော့သည်။
…
ရှီခိုင်ရှင်းမည်သို့သော သတင်းကို ယူလာသည်မသိသော်လည်း ဖြေရှင်းရန် ခက်ခဲပုံရသည်။
ဖုယွမ်ချွမ်း အခုရက်ပိုင်းအလုပ်များနေသည်။
မနက်မိုးမလင်းခင် ထကြကာ ညမအိပ်ခင်နောက်ကျသည်အထိနေကြသည်။
မနေ့က တစ်ညလုံးအိပ်မပျော်ဘဲ ကောင်းကင်များမှောင်သည်အထိ လဲလျောင်းနေလိုက်သည်။
ကျွင်းချင်ယွီ ငါးကန်အစွန်တွင် မှီကာ အိပ်ပျော်နေသောဖုယွမ်ချွမ်းကို ငုံ့ကြည့်နေ၏။
မျက်ကွင်းများက မသိမသာလေး ညိုနေသည်။
အသီးအရွက်ဖျော်ရည်၏ အကူအညီဖြင့် ဖုယွမ်ချွမ်း၏ ဝိညာဉ်စွမ်းအင်ကို သူ့ဝိညာဉ်စွမ်းအင်ကိုသုံးကာ ကူညီလေ့ရှိရာ နေ့နေ့ညည အလုပ်လုပ်လျှင်တောင် ခန္ဓာကိုယ်တွင် ပြဿနာကြီးကြီးမားမား မရှိလာနိုင်ပေ။ သို့သော် ဖုယွမ်ချွမ်း၏ရောဂါမှာ ကောင်းလာသော်လည်း စောစောအိပ် စောစောထရန် လိုအပ်ပေသည်။