Chapter 72
ဖုယွမ်ချွမ်းမှာ အစကနေအဆုံးအထိ သူ့အား တစ်ခုပြီးတစ်ခုထည့်ပေးနေခဲ့သည်။ အခွံနွာလိုက် အရိုးနွင်လိုက်နှင့် သူ့ဟာသူသိပ်မစားဖြစ်ချေ။
ကျွင်းချင်ယွီ ခတ္တမျှတွေးတောလိုက်ပြီး ထရပ်ကာ ဆန့်ကျင်ဘက်ကိုလျှောက်သွားလိုက်သည်။ ထို့နောက်ဖုယွမ်ချွမ်းဘေးတွင်ထိုင်ချလိုက်ကာ
"ဘာလို့ငါးကင်ကိုမစားသေးတာလဲ၊ ခင်များပဲဒါကိုစောင့်နေတာမဟုတ်ဘူးလား"
"ကိုယ်.."ဖုယွမ်ချွမ်းကစကားပြောရန်ပြင်လိုက်သော်လည်း ရှောင်ယွီမှာ သူ၏မျက်နှာပေါ်မှအပြုံးကိုဖုံးကွယ်ရန်ကြိုးစားနေသည်ကိုတွေ့လိုက်ရလေသည်။သူကလက်ကိုမြှောက်လျက် အခန်းအား 'မနှောင့်ယှက်ရ'ဟု ပြောင်းလိုက်ကာ သူ၏လက်ကို ရှောင်ယွီ၏ခါးလေးထံရစ်ပါတ်လျက်သူ့ထံသို့ဆွဲယူလိုက်သည်။
ကျွင်းချင်ယွီသေချာမထိုင်နိုင်ခင်မှာပင် သူ၏မျက်နှာပေါ်မှနွေးထွေးမှုလေးကိုခံစားလိုက်ရသည်။
ဖုယွမ်ချွမ်းက ရှောင်ယွီ၏ပါးပြင်အားတစ်ကိုက်ကိုက်လိုက်ခြင်းဖြစ်သည်။ ထို့နောက်မျက်လုံးလေး့ပြူးလျက်ဆိုသည်။
"တကယ်အရသာရှိတာပဲ"
"?!"
ဖုယွမ်ချွမ်းသည်ရှောင်ယွီ၏မျက်နှာလေးတဖြည်းဖြည်းနီမြန်းလာသည်ကိုမြင်လိုက်ရလေသည်။ သူ၏နားရွက်ဖျားလေးများပင် ရဲတွတ်လျက်ပင်။
"ကျွန်တော်ကို ကျီစယ်နေတာလား"
"..."
ကျွင်းချင်ယွီက ဟွန့်ခနဲအသံပြုလျက် ရှေ့သို့ကိုင်းကာ ထိုလူ၏လည်တိုင်ကိုကိုက်လိုက်လေသည်၊
ဖုယွမ်ချွမ်းသည် ရှောင်ယွီအားပေါင်ပေါ်တင်၍ဖက်ထားခြင်းဖြစ်ကာ ဤဘက်အခြမ်းမှခုံများမှာအနည်းငယ်ပုသည်။ သတိမထားမိလျှင် ပြုတ်ကျနိုင်သည်ပင်။ငါးကလေးကိုတင်းတင်းကြပ်ကြပ်ဖက်ထားရင်း ဆံနွယ်လေးများကိုပွတ်သပ်ပေးလိုက်သည်။
ကျွင်းချင်ယွီကိုက်ပြီးသည်နှင့် ခေါင်းကိုမော့လျက် တချက်ကြည့်လိုက်သည်၊၊ သူအားများများမသုံးခဲ့သည့်တိုင် အဆိုပါလည်တိုင်ဖြူဖြူတွင် နီရဲရဲ သွားရာလေးကျန်ရှိနေဆဲဖြစ်လေသည်။