Part-1 💠

2.7K 85 2
                                    

ရက်အတော်ကြာ အိပ်မရခဲ့ခြင်းကြောင့် "သက်ညာ"၏ခန္ဓာကိုယ်မှာ နွမ်းလျလျက် အဝတ်ထုပ်တစ်ခုကိုကိုင်ကာ သူမအဖေကိုရပ်စောင့်နေရ၏။ နံနက်ခင်းခုနစ်နာရီဆိုသည့်အချိန်သည် သူမအတွက် အမြဲလိုလို အေးချမ်းလျက် နေ့သစ်တစ်ခုကို စတင်ရစမြဲ။

သို့သော် ဒီနေ့တွင်တော့ "မိုးသက်ညာ" ရောက်နေသည့်နေရာကား လူအများစကားပြောသံ ၊ကားသံများဖြင့်ဆူညံလျက် ခရီးဆိုက်ရောက်သည့်သူများ ၊သူမလို ခရီးသွားမည့်လူများနှင့်
အတော့်ကို စည်ကားလျက်ရှိသည်။
တစ်ခါတစ်ခါ ဘေးမှဖြတ်သွားသည့်ကားသမားများ၏ဆေးလိပ်နံ့များကြောင့်မိုးသက်ညာခေါင်းပိုမူးရသည်။

မိုးသက်ညာတို့သားအဖ ရန်ကုန်သွားရန် မန္တလေးကားကြီးကွင်းသို့
ရောက်နေခြင်းဖြစ်၏။

"အ‌ဖေကလဲကြာလိုက်တာ"

ကားလက်မှတ်သွားဝယ်သည့်ဖခင်အား တစ်ယောက်တည်းစောင့်ရတာ
စိတ်မရှည်တော့၍ မိုးသက်ညာ တစ်ကိုယ်တည်းကြားရုံသာ ရေရွတ်မိသည်။

ထိုစဉ်..........

"သက်ညာ"

"ဟိန်းထက်"

မိုးသက်ညာအံ့ဩစွာခေါ်လိုက်မိခြင်း။

ဟိန်းထက်သည်သက်ညာ၏အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်၏။ဟိန်းထက်မောင်တို့သားအမိသည်သက်ညာတို့မိသားစုနှင့်နှစ်အိမ့်တစ်အိမ်
နေလာကြသူများဖြစ်သည်။

ရွယ်တူသူငယ်ချင်းတစ်ယောက်ဖြစ်သလို အစ်ကိုတစ်ယောက်လိုလဲ
အမြဲ ကာကွယ်ပေးတတ်သည်။

"ဟိန်းထက် ဘာလို့လိုက်လာတာလဲ အိမ်မှာ အဒေါ်တစ်ယောက်တည်း
ကျန်ခဲ့မှာပေါ့"

နေမကောင်းတဲ့ ဒေါ်အေးမာကို
သက်ညာစိတ်ပူပါသည်‌ေလ။

"ရပါတယ် အမေကသက်သာနေပါပြီ ငါ နင့်ကို နှုတ်ဆတ်ချင်လို့ပါ"

"မနေ့ညကလည်းတွေ့ထားတာပဲကို ဟိန်းထက်ရယ် ငါကတစ်နှစ်လောက်ပဲသွားမှာပါ ပြန်လာမှာပေါ့"

"ငါကနင်မရှိဘဲတစ်နှစ်တောင်နေရမှာလေ ပြီးတော့နင်နဲ့အတူတူဆယ်တန်းဖြေဖို့ရည်ရွယ်ထားတာ"

အသွင်(completed)Where stories live. Discover now