Part-3🌻

1.2K 62 0
                                    

မှန်ထဲက ကိုယ့်ပုံရိပ်ကို အထပ်ထပ်အခါခါ ကြည့်နေတာအခေါက်ပေါင်းမနည်းတော့။တစ်သက်လုံး မြန်မာရင်ဖုံးကျောင်းဖြူကျောင်းစိမ်းကိုသာ ဝတ်လာသူမို့ ဒီလိုအနောက်တိုင်းကျောင်းယူနီဖောင်းနှင့် မအပ်စပ်သလို သက်သောင့်သက်သာလည်းဖြစ်မနေ။မြန်မာထဘီကို ဝတ်ရတာလုံခြုံမှုရှိသလောက် ဒီလိုဒူးမဖုံးတဖုံး
စကပ်တိုနံ့နံ့က အတော်လေး
စိတ်မသက်မသာဖြစ်စေသည်။

ခြေထောက်ဒဏ်ရာကလည်းသက်သာနေပြီမို့ မိုးသက်ညာ ကျောင်းတက်ရတော့မယ်။ပထမဆုံးရက်ကို စိတ်မလှုပ်ရှားဘူးလို့ပြောရင် လိမ်ရာကြလိမ့်မည်။ရှေ့လျှောက် ကြုံတွေ့ရမယ့်အသစ်အဆန်းတွေဖို့ သက်ညာစိတ်လှုပ်ရှားလှသည်။

"သူများကားနဲ့လိုက်ချင်ရင်လည်း စောင့်ရအောင်မလုပ်နဲ့လေ"

အောက်ထပ်ဆင်းဆင်းချင်းအိမ်ဝမှစီးကြိုလိုက်သည့်အသံကြောင့်ရွှင်လန်းနေသည့်စိတ်လေးပင်ပျက်လုလု။အသံလာရာကို မျက်စောင်းတစ်ချက်သာထိုးလိုက်သည်။

စကပ်တိုတိုက "လွှမ်းသစ္စာကို"၏
ခြေတံဖွေးဖွေးနှင့် လိုက်ဖက်လှသည်။ဆံပင်ရှည်ရှည်ကို ခပ်မြောက်မြောက်သိမ်းချည်ထားပြီး အရွယ်ရောက်မိန်းမပျိုတစ်ယောက်၏ဆွဲဆောင်မှုတို့အပြည့်။ ထိုအလှနဲ့ယှဉ်လိုက်ရင် "သက်ညာ"ဝတ်ထားသည့် ယူနီဖောင်းက ကလေးသာသာ။

မကြာလိုက် ကားပေါ်တက်သွားသူကြောင့်နောက်ကအမြန်လိုက်ရသည်။

အဖေဝယ်ပေးလိုက်သည့် ကွင်းစွပ်ဖိနပ်အဖြူလေးကို သေချာစီးပြီး စိတ်ထဲတွင်တီးတိုးဆိုမိသည်

"သမီးကြိုးစားပါ့မယ်"

"မသွားသေးဘူးလား"

ကားကို မမောင်းသေးဘဲ လူကိုစိုက်ကြည့်နေသည့်သူက လွှမ်းပင်။

"necktie"ရော

"မစီးတတ်လို့လေ ဘာဖြစ်လဲ"

"ဘယ်မှာလဲ"

"ဒီ....မှာ............"

ကျောပိုးအိတ်ထဲမှ လုံးထည့်ထားသည့် necktie ကို ထုတ်ပေးရင်း ရုတ်တရက်ဆွဲယူကာ အနားကပ်လာသူကြောင့် ပြောမယ့်စကားများပင်ရပ်တန့်သွားသည်။

အသွင်(completed)Where stories live. Discover now