Part-23🕸

586 33 0
                                    


ယောက်ျားပြယုဒ်နှင့်အညီ အကြောအပြိုင်းပြိုင်းထောင်နေသည့် စိုင်းသူရ၏ခိုင်မာသော လက်ချောင်းများသည် ဂဏာမငြိမ်ဖြစ်နေသည့်စိတ်အလျောက် တစ်ခုနှင့်တစ်ခု ပူးယှက်ကာ၊ပူးတွဲကာ ထိစပ်နေကြလေ၏။
ရုံးခန်းထဲရှိ နာရီသည် နေ့လည်ဆယ့်နှစ်နာနရီကို ကျော်လွန်နေပြီ။ သူစောင့်နေရတာ နာရီဝက်တိတိရှိပြီ။တွေ့ချင်တဲ့
Orson hotel၏ တာဝန်ရှိသူဆိုသူက ယခုထိပေါ်မလာသေး။မန်းလေးက ပြန်လာပြီး တစ်ပတ်လုံးလုံး သူဒီကိစ္စအတွက်ပဲ လုံးပန်းနေခဲ့သည်။
သို့ပေမယ့် ယခုထိ သေချာရေရာသော အဖြေကို သူရှာမတွေ့။

မန်းလေးက မပြန်လာခင်လေးတင်
တွေ့ပြီး ပြောခဲ့သည့် မိုးသက်ညာ၏စကားမျာသည် စိုင်းသူရ၏အကြားအာရုံမှာ မကြာခနဆိုသလို တွေးစရာအဖြစ်ပေါ်လာလေ့ရှိသည်။ မိုးသက်ညာတောင်းဆိုခဲ့တာတစ်ခုတည်းကြောင့်မဟုတ်ဘဲ လွှမ်းအတွက် ဦးကောင်းထက်အတွက် အမှန်တရားဆိုတာ သူအပေးချင်ဆုံးသော အရာတစ်ခုဖြစ်၏။

"ကိုစိုင်း ညီမကို ယုံကြည်ပေးပါလို့ မတောင်းဆိုပါဘူး ဒါပေမယ့် သက်ညာပြောတာကိုတော့ အဆုံးထိ နားထောင်ပေးပါ ဦးထက်မတော်တဆဖြစ်တဲ့ညက.......... နောက်ဆုံးအတူရှိခဲ့တဲ့သူက ကိုပိုင်ဆိုတာ ညီမသေချာမြင်ခဲ့တယ်
ဘာလို့ ကိုပိုင်က မဟုတ်ပါဘူးလို့ ဟန်ဆောင်နေလဲဆိုတာ သက်ညာနားမလည်ဘူး ပြီးတော့ ဒီကြယ်သီးက ဦးထက်ရဲ့နောက်ဆုံးအချိန်မှာ အတူရှိနေခဲ့တဲ့ တစ်ခုတည်းသောပစ္စည်းပဲ ဦးထက်ရဲ့လက်ထဲမှာ သေချာဆုပ်ကိုင်ထားခဲ့တာ"

သက်ညာသည် သေးငယ်သောအိတ်အကြည်နှင့်ထည့်ထားသည့် အနီရောင်ကြယ်သီးတစ်လုံးအား စိုင်းသူရရှေ့သို့ တိုးပေးသည်။

"ဒါက ကိုပိုင့်အင်္ကျီကပြုတ်ကျန်ခဲ့တယ်ဆိုတာ အဲ့နေ့ညကပဲ သက်ညာအတည်ပြုပြီးပြီ
ဒီလိုပြောလို့ ကိုပိုင်အာကာ့ကို လူသတ်ပါတယ်လို့ သက်ညာစွပ်စွဲတာမဟုတ်ဘူးနော် ကိုစိုင်း.....

သက်ညာက အားလုံးကို အမှန်အတိုင်းဖြစ်စေချင်ယုံပဲ အဓိကက ဦးထက်ဆုံးတာ သွေးရိုးသားရိုးမဟုတ်ဘူးဆိုရင် လွှမ်းဘက်ကို ထိခိုက်လာမှာ သက်ညာအကြောက်ဆုံးပဲ"

အသွင်(completed)Where stories live. Discover now