"လွှမ်း လွှမ်း ရပ်ပါဦး
သက်ညာတောင်းပန်ပါတယ်
ရှင်းပြတာလေးတော့ နားထောင်ပေးပါလွှမ်း!"မိုးသက်ညာသည် ထွက်သွားတော့မည့်သူအား တားဆီးရန်အလို့ငှာ ရှေ့မှသွားနေသူ၏လက်ကို လှမ်းဆွဲလိုက်သောအခါတွင်
လွှမ်းသစ္စာကို၏ခြေလှမ်းတို့က တိကနဲဆိုသလို ထိုနေရာမှာရပ်တန့်သွားသည်။သက်ညာကို ကြည့်နေသော လွှမ်း၏မျက်ဝန်းတို့သည် စူးရှလျက်။ မျက်ခုံးတန်းတို့သည် ဒေါသကို ဖော်ပြနေသည့်အလား စုကြုံ့လျက်၊ တင်းမာလျက်။
"ဘာတွေပြောဦးမလို့လဲ သက်ညာ
လွှမ်းကို ထပ်ပြီး
ဘာတွေလိမ်ချင်သေးတာလဲသက်ညာ လွှမ်းကိုတောင် ဂရုမစိုက်လို့ ဒီမှာလာပြီး အလုပ်လုပ်နေတာမလား သက်ညာစိတ်ကြိုက်
အားလုံးလုပ်နေပြီးမှ လွှမ်းကို ဘာတွေတောင်းပန်ချင်သေးတာလဲ......ဟင် သက်ညာ ဘာတွေဖုံးကွယ်ချင်သေးတာလဲ"လွှမ်းကိုလိမ်ဖို့ သက်ညာမရည်ရွယ်ခဲ့ပါ။ ဒီအိမ်မှာ နေနေတဲ့တစ်လျှောက်လုံးမှာ လွှမ်းဆီမှာ ပါလာတဲ့ငွေတွေနဲ့ပဲ သက်ညာတို့ရပ်တည်နေခဲ့တာ။
လွှမ်းအပေါ်မှာပဲ မှီခိုနေခဲ့တာ။ဒါကြောင့် သက်ညာကိုယ်ပိုင်ဝင်ငွေလေးရလိုရငြားအလုပ်ရှာခဲ့သည်။ ဒါပေမယ့် သက်ညာလို ဆယ်တန်းသာ အောင်ထားသူတစ်ယောက်အတွက် အလုပ်က ထင်သလောက်မပေါလှ။ ကံကောင်းချင်တော့ လွန်ခဲ့တဲ့လလောက်ကမှ သက်ညာဆိုင်တစ်ဆိုင်တွင်အလုပ်ရသည်။ လွှမ်းကိုတော့ ထိုအကြောင်းတွင်မပြောဖြစ်ခဲ့။ လွှမ်းသာသိရင် သေချာပေါက်သက်ညာကို အလုပ်လုပ်ခိုင်းမှာ မဟုတ်တာ သိသည့်အတွက်ကြောင့်ပင်။"အဲ့လို မဟုတ်ဘူး လွှမ်း သက်ညာက.....သက်ညာက
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ဓာတ်ခိုင်မာသည်ဟု ကိုယ့်ကိုယ်ကိုယ်ခံယူခဲ့သည့် သက်ညာသည် လွှမ်း၏ရင့်သီးသော စကာလုံးတို့အောက်တွင် ပြားပြားဝပ်ကာ မျက်ရည်တို့က အလိုလို လှိုက်တက်လာသည်။ ပြောစရာစကားတွေ ၊ ရှင်းပြစရာစကားတွေက နှုတ်မှ ထွက်လာဖို့ အထစ်ထစ်ငေါ့ငေါ့။
"သက်ညာ ပိုက်ဆံလိုလို့လား
ဒါမှမဟုတ် လွှမ်းမှာရှိတာတွေနဲ့တင် မလုံလောက်လို့လား
အိမ်ပြန်လာတဲ့အချိန်တိုင်း
ပင်ပန်းနေတဲ့သက်ညာကို သင်တန်းက စာတွေကြောင့် ပင်ပန်းလာတယ်ပဲ
ထင်နေတဲ့ လွှမ်းက သက်ညာကို အလုပ်လုပ်ဖို့တစ်ခွန်းတစ်လေ တောင်းဆိုခဲ့ဖူးလို့လား
ဖြေစမ်းပါသက်ညာရယ်"
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...