Part-41 🏥

834 39 0
                                    

Unicode

သွေးစက်လက်နှင့်မေ့မျောနေသော ကောင်မလေးအား ဆေးရုံထဲသို့
ပွေ့ချီလာကာ အသိစိတ်လွတ်သူတစ်ယောက်လို သက်ညာကို ကယ်ပေးဖို့ ဆရာဝန်တွေထံသို့ အတန်တန်အကူအညီတောင်းနေတဲ့ လွှမ်းကို
တစ်ချို့လူတွေက ထူးဆန်းသလို
ကြည့်လာကြသည်။အရေးပေါ်အခန်းထဲခေါ်သွားကြသည်အထိ လွှမ်းက တောက်ထောက်လိုက်ကာ ကြည့်နေရင်း Nurse တစ်ယောက်က နေခဲ့ရန် ပြောတော့မှ ခြေလှမ်းတွေ
ရပ်တန့်သွားရတော့သည်။ 

လွှမ်းသစ္စာကိုရဲ့ ရင်ထဲမှာ
မီးကျီးခဲတစ်ခဲကို ငုံထားရသကဲ့သို့ လွန်စွာမှ ပူလောင်နေလှသည်။ 
သက်ညာကို ဆုံးရှုံလိုက်ရရင် ဆိုသော အသိက လွှမ်းမိုးလာတဲ့အခါ ကိုယ့်စိတ်ကိုယ်ပင် မထိန်းချုပ်နိုင်လောက်တဲ့အထိ ကြောက်ရွံ့လာခဲ့၏။ 

ဖြစ်နိုင်ရင် သက်ညာခံစားရတဲ့
နာကျင်မှုတွေအားလုံးကို လွှမ်းကသာ အစားခံပေးလို့ရရင် သိပ်ကိုကောင်းမယ်။ 

ကိုပိုင်က တုန်ရီနေတဲ့ လွှမ်းကိုယ်လေးကို ပုခုံးက အသာကိုင်ပြီး စိတ်ငြိမ်အောင် ထိုင်ခုံပေါ်မှာ ထိုင်စေသည်။ 
လွှမ်းကို စိတ်မပူပါနဲ့လို့ နှစ်သိမ့်ပေးနေတဲ့ ကိုပိုင်ကိုယ်တိုင်၌လည်း
ဆိုးဝါးလွန်းတဲ့ သက်ညာအခြေအနေကို စိတ်ပူလွန်းတာတော့အမှန်။

မိုးသက်ညာသာ ပြန်မလာနိုင်လို့ကတော့  ရှော့ရပြီး ညီမလေး တစ်ခုခု ဆိုးဆိုးဝါးဝါးတွေဖြစ်သွားမှာကိုလည်း တွေးပူမိပြန်သည်။ညီမလေးဘဝမှာ ဘယ်သူကြောင့်နဲ့မှ ဒီအတိုင်းအတာထိ တုန်လှုပ်ပြီး ကြောက်လန့်စိုးရွံ့နေတာမျိုး သူ,မတွေ့ဖူးဘူး။သက်ညာရယ် ညီမလေးလွှမ်းအတွက်ပဲဖြစ်ဖြစ် အားတင်းပြီး ပြန်လာပေးပါ။ 

အရေးပေါ်အခန်းထဲဝင်သွားတာ
ဆယ့်ငါးမိနစ်လောက် ကြာအပြီးမှာ စိုင်းသူရသည်လည်း လွှမ်းတို့ဆီသို့ရောက်လာသည်။ကိုပိုင်က ဘေးဖယ်ပေးတော့ လွှမ်းဘေးမှာ စိုင်းက ဝင်ထိုင်လာကာ လက်တွေကို အားတင်းထားပါလို့ပြောရင်း ဆုပ်ကိုင်လာပေး၏။ 

ထိုခနမှာပဲ Emergency room
တံခါးက ပွင့်လာပြီး nurseတစ်ယောက်က အပြေးအလွှားထွက်လာကာ……. 

အသွင်(completed)Where stories live. Discover now