Part -11 🌞

798 40 2
                                    


             ကျောင်းသားများအတွက် ခက်ခဲတဲ့နေ့ရက်တွေကို ကျော်လွန်ပြီး နွေညများကို ပေါ့ပါးစွာ ဖြတ်သန်းရင်း တဖန်ရွက်ဟောင်းတွေကြွေလို့ ရွက်နုများလည်းထွက်ကာ သဘာဝတရားကြီးက မည်သည့်အရာကိုမျှစောင့်မျှော်‌နေခြင်းမရှိဘဲ ပုံမှန်တိုးလို့တိုးလို့ အစဉ်သွားလျက်ရှိသည်။

            ကြိုးစားမှုတွေအပြီးမှာ လွတ်လပ်မှုဟုဆိုသော သာယာမှုကို တစ်ဝကြီးခံစားကြပြီး ရှေ့ဆက်မယ့် ဘဝခရီးအတွက် လိုအပ်ချက်များကို ဖြည့်တင်းကာ ကိုယ့်လမ်းကြောင်းကို ဖောက်ကြရမည်ပင်။

          သိပ်မကြာခင်လအတွင်းမှာ သက်ညာတို့ စာမေးပွဲရလဒ်တွေထွက်တော့မည်။ ဒီနိုင်ငံမှာ ကိုယ့်ဝါသနာအတိုင်း လျှောက်လှမ်းနိုင်ကြတဲ့ လူငယ်တွေရှိနိုင်သလို ဘဝပေး၊မိသားစုအခြေအနေတွေအရ လုပ်သင့်တာကို လုပ်ရတဲ့အခြေအနေမျိုးတွေ ကြုံတွေ့နေရတဲ့ သူတွေလည်းရှိနိုင်ပေသည်။ မည်သို့ပင်ဖြစ်နေပါစေ သက်ညာအတွက်တော့ အသက်မွေးဝမ်းကြောင်းတစ်ခုက မည်သူ့ကိုမှထိခိုက်ခြင်းမရှိဘဲ လူအများကို
ကူညီပေးနိုင်သည့်အလုပ်ဖြစ်ရမည်။

         စာမေးပွဲဖြေပြီးကတည်းက အတန်းထဲက သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မရှိတော့ပေ။
အရင်ကတည်းက သိပ်ရင်းနှီးတဲ့လူတွေလည်းမဟုတ်တာမ်ို့ သက်ညာကိုယ်တိုင်ကလည်း ဆက်သွယ်ဖို့မကြိုးစား။ တစ်ဦးတည်းသော ချစ်ရတဲ့ ဘုန်းခေတ်သစ်နဲ့ပဲ အမြဲစကားပြောဖြစ်ကြကာ result မထွက်ခင်ကာလကို နောင်လုပ်ငန်းခွင်အတွက် အထောက်အကူရလိုရငြား သက်ညာတို့နှစ်ယောက်အတူ language class တစ်ခုကိုjoin ဖြစ်ကြသည်။

    တွေးကြည့်မယ်ဆိုမှ ခေတ်သစ်မွေးနေ့ပြီးကတည်းက သက်ညာခေတ်သစ်အိမ်ကိုမသွားရဘူး ဟူသော တစ်ချက်လွှတ်အမိန့်က လွှမ်းနှုတ်မှကျရောက်လို့လာသည်။

ယမကာဓာတ်ကြောင့်  အဲ့ညက ဘာတွေဖြစ်ပျက်သွားမှန်းသက်ညာ မှတ်မိနိုင်စွမ်းမရှိ။ သို့သော် လွှမ်းပြောတာတော့ ကိုထူးမြတ်နှင့် ထပ်ပြီး အပေါင်းအသင်းမလုပ်ရန်ဆိုသည်။

ဘာအကြောင်းကြောင့်မှန်းသက်ညာမသိ ထိုနေ့ကစပြီး သက်ညာရှေ့ကို
ကိုထူးမြတ်ရောက်လာခြင်းမရှိသလို အဆက်အသွယ်လုပ်ခြင်းလည်း
မရှိပါပေ။ ဒါလည်း ကောင်းပါသည်
သက်ညာစိတ်မရှုပ်ရတော့ဘူးပေါ့။

အသွင်(completed)Where stories live. Discover now