Part-42☃️

1.1K 43 0
                                    

Unicode

(ခြောက်နှစ်ကြာပြီးနောက်………………..)

  အေးချမ်းတဲ့ ဆောင်းနေ့ရက်များ၏နံနက်ခင်းတွင် ကျရောက်လာသော နေရောင်ခြည်နွေးနွေးက
နှင်းမှုန်နှင်းမွှားများကို စတင်ပျောက်ကွယ်လာစေတော့သည်။
ကျောင်းဝန်းထဲရှိ မျက်ခင်းစိမ်းစိမ်းတစ်ပြင်လုံးဟာလည်း
နှင်းတို့၏အအေးဓာတ်ကြောင့်
စိုစွတ်ကာနေတော့၏။

နေမင်းကြီးဟာ အရှေ့အရပ်ကနေ တဖြည်းဖြည်း မြင့်တက်လာတာ‌နှင့်အမျှ နိုးထလာသော ကလေးများနှင့်အတူ အသံတွေဟာတကြော်ကြော်
‌ေကျာင်းဝန်းအတွင်း ပျံ့နှံ့ကာ
လာတော့သည်။

ကလေးတွေရဲ့တစ်နေ့တာ လုပ်ဆောင်နေကြအတိုင်း မနက်ခင်းခြောက်နာရီဆို အိပ်ယာက တစ်ညီတည်း ထကြရသည်။ ခုနှစ်နာရီ မနက်စာ စားချိန်၌ ထမင်းစားခန်းထဲစုစည်းကြပြီး အားလုံးတစ်ပြိုင်နက်ဆုတောင်းမှုပြုကြပြီးမှ လက်ဆုံစားကြတော့၏။

သူ့ကို ကပ်တွယ်လွန်းတဲ့ ခြောက်နှစ်အရွယ်ကလေးမလေးတစ်ယောက်၏ဘေးမှာ ဝင်ထိုင်လိုက်ကာ ကလေးတွေနှင့်ပင် မနက်စာကို စားလိုက်တော့သည်။ အားလုံးပြီးကြတဲ့အခါမှာတော့ ကလေးတွေက ကျောင်းသွားကြဖို့ပြင်သည်။

အများစုဖြစ်တဲ့အငယ်လေးတွေကိုတော့ ဒီကျောင်းမှာပဲ ဆရာ၊ဆရာမတွေ ငှားရမ်းပြီး သင်ပေးစေသည်။
ဒီ့ထက်အတန်းကြီးတွေကိုတော့ သက်ဆိုင်ရာ ကျောင်းကြီးတွေကို
ပို့ပေးရသည်။

သူက အဆောင်ဝမှာ ရပ်နေရင်း ကျောင်းကားပေါ်ညီညီညာညာတက်နေကြတဲ့ ကလေးတွေကို ဂရုဏာသက်စွာကြည့်နေတုန်းမှာ ကလေးလေးတွေတစ်စုက သူ့အနားသို့ ချဉ်းကပ်လာရင်း……….

“ဦးပိုင်……ဦးက ဒီတစ်ခေါက် သမီးတို့ဆီမှာ အကြာကြီးပဲ လာနေတယ်နော်။
နောက်လကျရင် သမီးတို့အားလုံးရဲ့မွေးနေ့ရှိတယ်။ချယ်တို့ကလည်း
ပွဲလုပ်ပေးမှာတဲ့။ အရမ်းပျော်ဖို့ကောင်းမှာပဲသိလား။အဲ့နေ့ကျရင် အခုလို
အကြာကြီးလာနေရမယ်နော်
ဦးလေးပိုင်”

စကားတစ်ခွန်းပြောတိုင်း
နှုတ်ခမ်းလေး ထွက်ထွက်လာတတ်တဲ့ ကလေးမလေးကို ကြည့်ရင်း
ပိုင်အာကာ ချစ်လို့မဆုံး ဖြစ်ရသည်။သူက ကလေးမလေးနှင့် တပြေးညီ
ဒူးထောက်လိုက်ကာ ခေါင်းလေးကို အသာလေး ပုတ်ပေးလိုက်၏။

အသွင်(completed)Where stories live. Discover now