ညအမှောင်၏တိတ်ဆိတ်ငြိမ်သက်ခြင်းတို့နှင့်ဆန့်ကျင်လျက် ခေတ်ပေါ်မြူးကြွသော တေးသွားတို့နှင့်အတူ ကာလာစုံမီးရောင်ပြိုးပြိုးပြပြတို့၏အောက်တွင် ကခုန်နေကြသော လူငယ်လူရွယ်များနှင့်ပြည့်လျက်။"ဟိုစားပွဲက အကိုက ဒီဝိုင်းအတွက်
ပို့ခိုင်းတာပါ"ကော့တေးတစ်ခွက်ကို "လွှမ်း"ရှေ့
လာချပေးပြီး မျက်စောင်းထိုးစားပွဲမှာ ထိုင်နေတဲ့ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ကို ညွှန်ပြလာသည်။လွှမ်းအား စိုက်ကြည့်နေသည့် ညစ်ညမ်းသောအကြည့်စူးစူးများကို မနှစ်သက်ပေ။မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ဖို့ အဲ့လောက်ပေါရသလား။
"ဝိုး!!! လွှမ်းကတော့ ရိုးရာမပျက်ဘူး"
ဟေမာန်ဦးနှင့်အိုင်းရစ်တို့က ရှေ့မှာ
ဆူပုပ်ပုပ်ထိုင်နေတဲ့ "လွှမ်း" ကိုကြည့်ပြီး ခပ်ဟဟပြောကြသည်။လွှမ်းလို သူဌေးသမီးတစ်ယောက်လည်းဖြစ်၊ ရုပ်အသွင်အပြင်ခန္ဓာကိုယ်ကပါ ပြစ်မျိုးမယ့်မထင်လှတဲ့မိန်းကလေးမျိုးကို လာပြီး ဆက်နွယ်ချင်ကြတဲ့ ယောက်ျားတွေကမှိုလိုပေါက်နေတာ။
လွှမ်းက ဆိုးချင်ဆိုးမယ်၊စည်းမဲ့ကမ်းမဲ့ဖြစ်ချင်လည်းဖြစ်မယ် ဒါပေမယ့်
ယောကျ်ားကိစ္စနဲ့တော့အရှုပ်အရှင်းကင်းသည်။
အချစ်ဆိုတာ ဘယ်ဆီနေလဲတောင်မသိတဲ့အလကားဟာတွေကို အယုံအကြည်မရှိ။ ငယ်ငယ်ကတည်းက သူ့မိဘတွေရဲ့အေးစက်စက်အိမ်ထောင်ရေးကို ကြည့်ပြီး လွှမ်းဟာအချစ်ကိုပိုပြီးတန်ဖိုးထားလာတတ်ခဲ့သည်။ကော့တေးတစ်ခွက်ကို မော့ချလိုက်
ပြီး ဟေမာန်ဦးနှင့်သူ့ကောင်လေးအားတစ်ချက်မျှကြည့်ကာ....."သွားတော့မယ်"
"အစောကြီးပဲရှိသေးတာကို
လွှမ်းကလဲ"ဟေမာန်ဦးက သူတို့ရဲ့anniversaryကိုအကြောင်းပြကာအထဲကို အတင်းခေါ်လာတာကြောင့် စိတ်မပါဘဲလိုက်လာရသည်။ကားထဲမှာ ကျန်ခဲ့သည့်မိုးသက်ညာကိုစိတ်မချ။စကားကိုဆုံးအောင်
နားမထောင်ပဲ ခပ်သုတ်သုတ်ထထွက်သွားသူကြောင့် အိုင်းရစ်၏မျက်နှာ ကွက်ခနဲပျက်သွားသည်။
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...