Unicode
ပုံမှန်မဟုတ်သော ခန္ဓာကိုယ်က လေးလံထိုင်းမှိုင်းနေကာ
ခြေထောက်တစ်ဖက် လှုပ်ဖို့ကိုပင်
အားမရှိပေ။ခေါင်းတစ်ခုလုံးက အုံခဲစွာနာကျင်နေပြီး ခေါင်းနောက်ဘက်က သွေးတွေရဲ့ စေးကပ်ကပ်အထိအတွေ့ကို ရရှိလိုက်လေသည်။
သတိဝင်နေတာ ကြာပြီဖြစ်သော်လည်း မျက်လုံးတွေကို ဖွင့်ကြည့်ဖို့ရာပင် မျက်ခွံတွေက အဆမတန်လေးလံနေ၏။
မြင်လွှာကို ဖြေးညှင်းစွာ ဖွင့်ကြည့်သောအခါဝယ် အရာရာဟာ မှုန်ဝါးဝါး၊မှောင်မိုက်နေသော ပတ်ဝန်းကျင်နှင့်အတူ အလင်းရောင်ပြပြကိုသာ
မြင်ရ၏။အဲ့ဒီ့နောက်တော့ အသံပြုဖို့ရာ ပါးစပ်ကိုဟသည်။ သို့သော် ပါးစပ်မှာ တင်းကြပ်စွာစို့ပိတ်ထားတဲ့ အဝတ်စကြောင့် အသံပြုဖို့ရာ အခွင့်မသာ။
ကိုယ်အောက်က နူးညံ့သော အခင်းကြောင့် အိပ်ယာဟူသော အထိအတွေ့ကို အတပ်သိသည်။
ဟိုးမနီးမဝေးမှာ တစ်စုံတစ်ေယာက်ရှိနေတယ်လို့ ခံစားရ၏။
သို့ပေသော်လည်း အရာအားလုံးက မရှင်းမလင်းဖြစ်နေကာ လက်ကတစ်ခုခုနှင့် အတင်းတုပ်ပြီး ချည်ထားတာကြောင့် လှုပ်မရဘဲလက်နှစ်ဖက်လုံးက ကုတင်ခေါင်းရင်းတိုင်နဲ့ တွဲလျက်သား။အချိန်အနည်းငယ်ကျန်တဲ့အခါ
နာကျင်တဲ့ဝေဒနာကို ဘေးချိတ်ပြီး ဖြစ်စဉ်တွေကို ပြန်လည်တွေးမိနေ၏။အိမ်ထဲကို ဝင်တဲ့သူတွေဟာ သူခိုးတွေဆိုရင် အိမ်က ပစ္စည်းတွေကို ဦးတည်မှာပဲ။သူ့ကို ဖမ်းလာစရာ အကြောင်းမရှိဘူး။ဒါဆို အဲ့လူတွေက ဘယ်သူတွေလဲ။
အန်တီထိပ်ထားရဲ့ အကြွေးရှင်တွေဆိုတာလဲ မဖြစ်နိုင်။ ငွေကြေးကိစ္စတွေအားလုံးကို လွှမ်းက ဖြေရှင်းပေးထားတာမလို့။
ထိုလူတွေ သက်ညာဆီက ဘာလိုချင်သလဲဆိုတာ သက်ညာမသိပေ။
အမှောင်ထဲက စိမ်းသက်တဲ့ ပတ်ဝန်းကျင်တွင် အချိန်ကြာလာလေလေ သက်ညာစိတ်ကို အကြောက်တရားက ဖုံးလွှမ်းလာလေဖြစ်ကာ မျက်ရည်တွေသာ ကျနေမိသည်။
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...