Unicode
တံခါးပေါက်ကို ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် လေနုအေးလေးက
သက်ညာ၏မျက်နှာကို ထိရိုက်ရင်း ကလူကျီစယ်လာသည်။
တိုးဝေ့လာတဲ့ သဘာဝ လေကို တဝကြီး ရှူရှိုက်ပြီးနောက် ဝရန်တာမှာထားတဲ့
ခုံလေးပေါ်ဝင်ထိုင်လိုက်၏။ လက်ထဲက ဖုန်းကို ကြည့်ရင်း လွှမ်းဆီကို
ဆက်ချင်တဲ့စိတ်လေးကို ထိန်းချုပ်ကာ သက်ပြင်းတိုးတိုးလေးချလိုက်သည်။ ဒီနေ့အဖို့ လွှမ်းမျက်နှာလေးကို သူမ မတွေ့ရသေးဘူးမလား။ရောက်လာကတည်းကနေ လွှမ်းပြန်လာတယ်ဆိုလို့ အိပ်ချိန်တွေသာ
များလာသည်။ဒါတောင် သက်ညာအိပ်ပျော်သွားတဲ့ အချိန်မျိုးလောက်
မှသာ ပြန်ရောက်လာတတ်သည်ပင်။ မနက်ဆိုလည်း ကိုစိုင်းလာကြိုတာနဲ့ ပါသွားသည်။ တစ်ချို့ရက်တွေဆို သက်ညာတောင်မနိုးသေးခင် လွှမ်းက ပျာပျာသလဲဖြင့် ထသွားရသည်။
ဒေါ်ထိပ်ထားဦးအမှုကိစ္စနဲ့လုံးပန်းနေရတဲ့ လွှမ်းကိုကြည့်ပြီး ဘယ်အရာကိုမှ အကူအညီမပေးနိုင်တဲ့အခါ သက်ညာလွှမ်းကို အားနာရပြန်သည်။တစ်ခါတစ်လေ လွှမ်းရဲ့အနားမှာ ကပ်တွယ်နေတာက ဝန်ပိုစေမလားဟုပင်တွေးမိသည်အထိ။သို့သော်လည်း အပြင်မှာဘာပြဿနာတွေပဲရှိရှိ အိမ်ကိုပြန်လာတိုင်း ညီညူခြင်းတစ်ခုမပြုဘဲ သက်ညာအနားမှာ ပြုံးပြုံးရွှင်ရွှင်ပဲ နေပြတတ်သည့် လွှမ်းကြောင့်
မိုးသက်ညာဘက်က သူမလုပ်နိုင်တာလေးတွေကို လုပ်ပေးသည်။
ဥပမာအားဖြင့်ဆိုရင် လွှမ်းရဲ့ တစ်ကိုယ်ရည်အသုံးအဆောင်တွေကို လျှော်ဖွတ်တာကစ ဟင်းချက်တာတွေ၊
အိမ်သန့်ရှင်းရေး အားလုံးကိုလုပ်ပေးသည်။ညစာအတွက် လွှမ်းပြန်လာလာ၊ မလာလာ သက်ညာက ချက်ပေးထားဖြစ်သည်။ညဉ့်အလွန်နက်သွားတဲ့ နေ့တွေဆိုရင်တောင် လွှမ်းက သက်ညာချက်ထားတာတွေကို သေချာပေါက်စားပေးသည်။ညတိုင်းညတိုင်းလည်း သက်ညာကို အိပ်ရာဝင်အနမ်းတစ်ပွင့်ခြွေပြီး ပွေ့ဖက်ထားဖို့ မပျက်ကွက်။ဖုန်းကိုဖွင့်လိုက်ပြီး မကြည့်တာကြာပြီဖြစ်တဲ့ facebook app ထဲဝင်ပြီး ရောက်တက်ရာရာ ကြည့်နေလိုက်ရင်းမှ post တစ်ခုအရောက်မှာ သက်ညာမျက်လုံးလေးတွေ အရောင်လက်သွားသည်။
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...