Unicode
နောက်ဆုံးကျောင်းခေါင်းလောင်းထိုးသံ အပြီးမှာ
စာမေးပွဲခန်းများထဲမှ
မန္တလေးတက္ကသိုလ်ကျောင်းဝန်းကြီးထဲသို့ ကျောင်းသူကျောင်းသားများ အလျှိုလျှိုထွက်လာကြသည်။ဖြေခဲ့တဲ့စာတွေကို ဂရုမပြုတော့ဘဲ နောင်ခါလာနောင်ခါရှင်းမယ်ဆိုပြီး သဘောထားကာ စာမေးပွဲပြီးလို့
စိတ်လွှတ်လက်လွှတ်ပျော်နေကြတဲ့ ကျောင်းသားတွေရှိသလို
သေချာမဖြေနိုင်ခဲ့လို့ ပူဆွေးနေကြတဲ့ စာဂျပိုးများလဲ ရှိနေသေး၏။ထို့အပြင်ရဲ့ နွေဦးရဲ့ အလွမ်းဓာတ်ကို ခံစားရင်း ဆွေးမြေ့စွာခံစားနေကြတဲ့ အလွမ်းသမားများအုပ်စုကလည်း သပ်သပ်ကို ရှိကြပြန်လေ၏။
ကျောင်းဝန်းရဲ့ စင်္ကြံအတိုင်း
ဟိန်းထက်မောင်လျှောက်လာတဲ့အခါမှာ တမာပင်အောက်ရှိ ခုံတန်းမှာထိုင်နေတဲ့ မမနိုင်ကိုတွေ့တာနဲ့ လက်ထဲက ရေဘူးအဖုံးလေးကို ဖွင့်ပြီး မမနိုင်
မသိအောင် ဖြည်းဖြည်းလေး အနားကို လျှောက်သွားပြီးမှ မမနိုင်ရဲ့ ပုခုံးကနေ ရေလေးတွေကို လောင်းချလိုက်တော့ မမနိုင်မှာ လန့်လို့သွားသည်။“ဟော!……..ဟိန်းရယ် စာမေးပွဲပြီးရင် ရေလောင်းရအောင် တို့တွေက ကလေးလား”
မမနိုင်၏အသံတွင် ဒေါသသံမပါ။
ခပ်အေးအေးပြုံးရင်း ရေစိုသွားတဲ့ ဆံပင်လေးတွေကို အသာ ညစ်ချနေလေ၏။ရေဘူးအဖုံးကို ပြန်ပိတ်ကာ မမနိုင်ဘေးမှာ ဝင်ထိုင်လိုက်သည်။
ဟိန်းကိုယ်တိုင်လည်း အပေါ်ပိုင်းတစ်ခုလုံးရေများစိုရွှဲနေရာမှ အနည်းငယ်ခြောက်သည့်အနေအထားသာ ရှိနေသည်။ အကြောင်းမှာ စာမေးပွဲခန်းထဲမှ ထွက်တာနဲ့ ပထမနှစ် ဂျုနီယာလေးတွေနဲ့ ရွယ်တူသူငယ်ချင်းတွေကပါ စနောက်ပြီး ဝိုင်းကာ လောင်းလိုက်တာကြောင့်ပင်။ နောက်ဆုံးရက်ဆိုတော့လဲ ဟိန်းမှာ စိတ်မဆိုးရက်။
ဟိန်းထက်မောင်လို ကျောင်းကောင်စီအသင်းဝင်ဖြစ်သလို ခေါင်းဆောင်တဲ့ နေရာမှာလည်း တော်တဲ့သူဖြစ်တာကြောင့် ကျန်တဲ့ နေ့များဆိုရင်တော့ ဟိန်းထက်မောင်က ကျောင်းရဲ့ဘယ်ကိစ္စနေနေ ဝင်ကူညီပြီး စီစဉ်ပေးရတာတွေ၊ အငယ်တွေကြားဝင်ထိန်းပေးရတာမျိုးတွေတော့ ရှိသည်။
YOU ARE READING
အသွင်(completed)
Fantasyချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုတစ်ခုသာ ဖြစ်မယ်ဆိုရင် ဘယ်လိုအသွင်ရှိမလဲ၊ ဘာအရောင်ရှိနေမလဲ။ သေချာတာတစ်ခုက လူတိုင်းအတွက် ကွဲပြားတဲ့ အဓိပ္ပာယ်တွေ မတူညီတဲ့အရောင်တွေ ကိုယ်စီရှိကြမှာပါ။ သူမအတွက် "လွှမ်း"ရဲ့ချစ်ခြင်းတွေကိုပုံဖော်ရာတွင်မည်သည့်အသွင်ရှိမည်ကို သိချင...